ယနေ့ နံနက်ကလှုပ်ရှားခဲ့သော ငလျင်နှင့်ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများ
အရစစ်ကိုင်းမြို့တွင် မင်းကွန်းခေါင်းလောင်းတော်ကြီး အနည်းငယ်
နေရာရွှေ့ခြင်း၊ ဝန်ထမ်း အိမ်ရာ(၆)ခန်းတွဲ (၂)ထပ်မှ အခန်း(၃)ခန်း၏ အပေါ်ထပ်
နံရံပြိုကျပြီး အပေါ်ထပ် ကြမ်းခင်း ကျွံကျခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
ကျောက်မြောင်းမြို့နယ် ကျောက်မြောင်းရွာတွင်
ကျေးရွာဆက်သွယ်ရေးရုံးပြိုကျခြင်း၊ ဆယ်ပင် ကျွန်းမူလတန်းကျောင်း(၁)ထပ်ဆောင်
ထက်ဝက်ခန့်ပြိုကျခြင်း၊
မကျည်းသုံးပင်ကျေးရွာမူလတန်းကျောင်းအဆောက်အဦ၏(၇ဝ)ရာနှုန်းပြိုကျပျက်စီးခြင်း၊
ဆိတ်သာကျေးရွာမူလတန်းကျောင်း မြင့်မိုရ်ပိတ်ပြိုကျ ပျက်စီးခြင်း၊
မလားကျေးရွာတွဲဖက်မူလတန်းကျောင်းထက်ဝက်ခန့်ပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း ..........
သတင်းအပြည့်အစုံ
Sunday, November 11, 2012
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် ငလျင်သတင်း အပြည့်အစုံ

စစ်ကိုင်းတိုင်း
ရွှေဘိုမြို့ အနီး အင်အားပြင်း ငလျင်လှုပ်ခတ်၊ မန္တလေးတိုင်း ဒေသကြီး နှင့်
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့ နယ် အချို့ တွင် ပျက်စီးမှု၊
ထိခိုက် ဒဏ်ရာရမှုနှင့် သေဆုံးမှု အချို့ ဖြစ်ပေါ်ခဲ့ ၊ ယနေ့ နံနက်က
လှုပ်ရှားခဲ့သော ငလျင်နှင့် ပတ်သက်၍ ဆက်လက် ရရှိသော သတင်းများအရ...
မန္တလေးသားအချို့  ငလျင်အန္တရာယ်စိုးရွံ့ ၊ တိမ်းရှောင်
ယနေ့ (၁၁.၁၁.၂၀၁၂) နံနက်က ၆.၈ ပြင်းအားရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယနေ့ညနေ ၅ နာရီခွဲခန့်ကလည်း နောက်ဆက်တွဲ
ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားသောကြောင့် မန္တလေးမြို့ ခံအချို့ သည် ငလျင်ဒဏ်အန္တရာယ်ကြောက်ရွံ့ သဖြင့် နန်းတော်ပတ်လည် ကျုံးဘေးရှိ ကတ္တရာလမ်းလယ်ကျွန်းရှိရာသို့ ငလျင်ဒဏ်ရှောင်တိမ်းရန် ဖျာကိုယ်စီနှင့်ရောက်ရှိနေကြကြောင်း ............
သတင်းအပြည့်အစုံ
Wednesday, September 19, 2012
မဲခေါင်မြစ်အတွင်း တရုတ်လူမျိုးများ အသတ်ခံရ
ရွှေတြိဂံဒေသ
မဲခေါင်မြစ်အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံ အလံ
တပ်ဆင်ထားသည့် သင်္ဘော ၂ စီးမှ လူများ သတ်ဖြတ်ခံရမှုသည် ရှမ်းမူးယစ်ရာဇာ
နော်ခမ်း နှင့်
အဖွဲ့၏ လက်ချက်ဖြစ်နိုင်ကြောင်း ထိုင်း အာဏာပိုင်များက ယူဆနေကြ သည်။
More ...
More ...
ကားခိုးသွင်းမှု အရှုပ်တော်ပုံ အခုထိမရှင်းနိုင်သေး
အာဏာပိုင် အဆင့်ဆင့် ပါဝင်ပတ်သက်နေသည်ဟု နာမည်ကြီးနေသည့်
လိုင်စင်မဲ့ကားများ ဆိပ်ကမ်းများမှတဆင့် တရားမ၀င် တင်သွင်းသည်ကို
ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာနတို့က စုံစမ်းစစ်ဆေးလျက် ရှိသော်လည်း အမှုမှန်ပေါ်ပေါက်ရေး
အလှမ်းဝေးနေကြောင်း သတင်းရရှိသည်။
မြန်မာ့စက်မှုဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်းတို့မှ တရားမ၀င်ကား ရာပေါင်းများစွာ တင်သွင်းခဲ့သော အမှုကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်၊ မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူတဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အရာရှိတဦး စုစုပေါင်း ၃ ဦးပါဝင်သော ခုံရုံးအဖွဲ့ကို ဖွဲ့စည်း စစ်ဆေးနေကြောင်း၊ သို့ရာတွင် ခုံရုံးအဖွဲ့ဝင်များ ကိုယ်တိုင် လာဘ်ယူမှုများ ရှိသည်ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အမည်မဖော်လိုသော အရာရှိတဦးက ပြောသည်။
“တရားမ၀င် ကားတွေသွင်းတဲ့အမှုက ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေအထိပါ ပါဝင်ပတ်သက် နေတာပါ။ ညွှန်မှူးအဆင့် လောက်နဲ့ အဖွဲ့ဖွဲ့ပြီး စစ်ဆေးလည်း မပေါ်နိုင်ဘူး။ အဲဒီအဖွဲ့ကိုယ်တိုင်ကလည်း အမှုကို စစ်ဆေးတဲ့နေရာမှာ မှန်မှန်ကန်ကန် မစစ်ဆေးနိုင်အောင် တဘက်က လာဘ်ပေးထားတာတွေ ရှိတယ်လို့ သိထားပါတယ်” ဟု သူက ဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနက လိုင်စင်မဲ့ကား ဆိပ်ကမ်းမှ တင်သွင်းမှု ကိစ္စများကို လာရောက် စစ်ဆေးသော်လည်း အမှုမှန် မပေါ်ပေါက်ဟု သိရသည်။
“စ သုံးလုံး ဘက်ကလည်း လာသာစစ်တာ၊ မယ်မယ်ရရ ဘာရလဒ်မှ ထွက်မလာဘူး။ စစ်ဆေးမှု အဆင့်မှာတင် ကြန့်ကြာနေပါတယ်။ ၀န်ထမ်းအချင်းချင်း ဖြစ်တဲ့အတွက် တဦးနဲ့တဦး ငွေပေး၊ နားလည်မှုယူပြီး မစစ်ဘဲ ထားတာ ဖြစ်နိုင်တယ်” ဟု နေပြည်တော်မှ အရာရှိက ပြောသည်။
စုံစမ်းစစ်ဆေးမှုများ လုပ်နေစဉ်ကာလအတွင်း လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ပတ်သက်ခဲ့သော အရာရှိတချို့မှာ ရုံးမတက်ဘဲ ခွင့်ယူရှောင်တိမ်း မှုများရှိနေသည်ဟု သိရှိရသည်။
“ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ် ဆိုရင် လနဲ့ချီ ခွင့်တိုင်တယ်။စုံစမ်းစစ်ဆေးမှု ကာလအတွင်းမှာ အခြေအနေမကောင်းရင် ထွက်ပြေးမယ့်ပုံ ရှိတယ်” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအဖွဲ့မှူးရုံးမှ အရာရှိတဦးက ပြောသည်။
တရားမ၀င်လိုင်စင်မဲ့ ကားများကို ဆိပ်ကမ်း၊ နယ်စပ်စခန်းများမှ တဆင့် လာဘ်ပေးလာဘ်ယူ ပြုလုပ် တင်သွင်းကြပြီး ယင်းတင်သွင်းမှုတွင် နယ်မြေခံစစ်တပ်၊ ရဲများနှင့် ၀န်ကြီးဌာန အဖွဲ့အစည်းအသီးသီးမှ ၀န်ကြီး၊ ဗိုလ်ချုပ်များနှင့် ၎င်းတို့နှင့်နီးစပ်သော ဆွေမျိုးအသိုင်းအ၀န်းများ အထိ ပါဝင်ပတ်သက်သည်ဟု သိရသည်။
၂၀၀၆ ခုနှစ်အတွင်းက အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးအပါအ၀င် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးထောင်ချ အရေးယူမှုများ ပြုလုပ်ခဲ့သည်။
သက်ဆိုင်သည့်သတင်းများ ။ ။ ဇုန်ထုတ်ယာဉ်အဖြစ် အသွင်ပြောင်းရေး သိန်းထောင်ချီပေးရ
တရားမဝင်ကားလုပ်ငန်း ထိပ်တန်းအာဏာပိုင်များ ပတ်သက်နေ

Subscribe to:
Posts (Atom)