Blogger Widgets

Sunday, March 3, 2013

3.3.2013 နေ့အတွက် Daily Kaspersky Key



2.3.2013 နေ့အတွက် Daily Kaspersky Key ပါ.. လိုချင်သူများ ဒေါင်းနိုင်ပါပြီခင်ဗျာ..



From .... http://komaungpauk.blogspot.com/

Saturday, February 23, 2013

Blog လုပ်နည်း အပြည့်အစုံ (7)


ထဲသို့ Login ၀င်ရောက်ခဲ့ပြီးပြီဆိုရင် Setting tab အောက်တွင်ရှိသော Email
ထဲသို့သွားလိုက်ရအောင်။ ဒီနေရာကို (Setting/Email) Pageလို့ခေါ်လိုက်ကျရအောင်။
2. Blog Send Address နေရာတွင် မိမိရဲ့ Emailလိပ်စာကိုထည့်သွင်းပေးလိုက်ပါ။ Mail-to-Blog Address နေ၇ာတွင်လျှို့ဝှက်လိပ်စာအတွက် မိမိအသုံးပြုလိုတဲ့ စာလုံးများကို ထည့်ပေးရပါမယ်။
လျှို့ဝှက် Email လိပ်စာသည် အောက်ဖော်ပြပါ ပုံစံအတိုင်းဖြစ်သည်။
------@blogger.com လိပ်စာမှ -----ပြထားသော နေရာများသည် ကိုယ်ထည့်ရမည့်
အပိုင်းပင် ဖြစ်ပါတယ်။ ရှေ့ကဆိုခဲ့သလိုပင် လျှို့ဝှက်လိပ်စာဖြစ်ရမှာ
ဖြစ်သည့်အတွက် အခြားသူများခန့် မှန်းလို့ မရနိုင်စေမည့် စာလုံးများသာ
ဖြစ်သင့်ပါတယ်။ အနည်းဆုံး ၄-လုံးဖြည့်သွင်း ကြရပါမယ်။ ဥပမာ-ပုံအရ
လျှို့ဝှက်စာသည် username@blogger.com ဖြစ်လာပါမည်။
3. Save Setting တွင် Click တစ်ချက်နှိပ်လိုက်ပါ။ Secretemail Adddress တစ်ခုတည်ဆောက်ခြင်း ပြီးဆုံးသွားပါပြီ။
ဒါဆိုရင် ဒုတိယအဆင့်ဖြစ်တဲ့ Email မှတဆင့် Post လှမ်းရေးဖို့ရန်
အဆင်သင့် ဖြစ်ပါပြီ။ Email ဖွင့်ပြီး Post တစ်ခုလောက်ရေးတင်ပုံကို
ကြည့်လိုက်ရအောင်……..
1. To နေရာတွင် လျှို့ဝှက်လိပ်စာကို ထည့်သွင်းပါ။
2. Subject နေရာတွင် ရေးခဲ့သော စာသားများသည် Post title ဖြစ်လာလိမ့်မည်။
3. Email Message ၏ Body ထဲတွင် ရေးသားသော စာများသည် Post တွင်ပါ
စာသားများ ဖြစ်လာပါလိမ့်မယ်။ ရေးလိုသမျှ ရေးပြီးပြီဆိုရင် နောက်မှ
စာနောက်ဆုံးမှာ #end ဆိုတာလေးကိုထည့်ပေးလိုက်ပါ။ ဒီနေရာအထိပဲဆိုတဲ့
သဘောဖြစ်ပါတယ်။ အချို့ Email Program တွေမှာ ကိုယ်ရေးတာအပြင် “No Virus
Found” ဆိုတဲ့ စာသားတွေ၊ ကြော်ငြာတွေအလိုလိုပါသွား တတ်ပါတယ်။
အဲ့ဒါတွေမပါအောင် #end ကိုထည့်ရခြင်း ဖြစ်ပါတယ်။
စိတ်တိုင်းကျပြီဆိုလျှင် Send တွင် Click နှိပ်ပြီးပို့လိုက်ပါ။ ခဏအကြာ Blog ထဲမှာ Post သစ်တခုတိုးလာပါလိမ့်မယ်။
Blog ရေးနည်း
Blog တို့သည် Website များကဲ့သို့ပင် ဖြစ်ပါသည်။ ဆိုရရင် Website
များမှာကဲ့သို့ Blog တစ်ခုမှာလည်း အခြားမည်သည့် Blog တို့နှင့် မတူနိုင်တဲ့
ကိုယ်ပိုင်လိပ်စာ ( URL) တစ်ခုစီရှိကြပါတယ်။ Page တစ်ခုကနေ အခြား Page
တစ်ခုကို ကူးပြောင်းကြည့်ရူနိုင်တဲ့ Hyperlink တွေပါရှိကြတယ်။ ဒါက အခြေခံ
အကျဆုံး တူညီချက်တွေကို ပြောတာပါ။ သဘောတရားအားဖြင့်
အနည်းငယ်ကွဲလွဲမှုလေးတွေတော့ ရှိပါတယ်။
အဓိကအားဖြင့် Website တို့တွင် ရေးသားဖော်ပြထားသော
အကြောင်းအရာတို့နှင့် ပတ်သက်ပြီး ၀င်ရောက်ဖတ်ရူ့သူများအနေနှင့်
ပါဝင်ဆွေးနွေးခွင့်မရှိပါဘူး။ ၀င်ရောက်ဖတ်ရူနိုင်ရုံသက်သက် ဖြစ်ပါတယ်။
သို့သော် Blog တွင် ပါဝင်ရေးသားချက်များပေါ်မှာ စိတ်ဝင်စားရင် ဖတ်ရူသူတို့
ကိုယ်တိုင် ဝေဖန်ဆွေးနွေး Comment ၀င်ရေးလို့ ရနိုင်ပါတယ်။
သိလိုသမျှကိုလည်း မေးမြန်းနိုင်ကြပါတယ်။
C-Box
C-Box ဆိုတာက Blog Page အတော်များများမှာ တွေ့ရလေ့ရှိတဲ့ စကားပြောခန်း
(Chat room) လေးများပဲ ဖြစ်ပါတယ်။ အဲဒီ C-Box ထဲမှာ Post တွင်းပါ
အကြောင်းအရာတို့နှင့် ပတ်သက်ပြီး လွယ်လွယ်ကူကူ ဆွေးနွေးမေးမြန်းနိုင်ကြသလို
Blog ကိုလာရောက်လည်ပတ်သူတွေ အချင်းချင်းလည်း နှစ်သက်ရာ အကြောင်းအရာကို
ခေါင်းစဉ်တင် ဆွေးနွေးနိုင်ကြသည်။
သဘောက Blog ပိုင်ရှင်နှင့် ၀င်ရောက်ဖတ်ရူသူတို့အလွယ်တကူ ထိတွေ့
ဆက်ဆံနိုင်တဲ့ နေရာလေးပင် ဖြစ်ပါတယ်။ မိမိရဲ့ Blog မှာလည်း C-Box
ထားချင်ရင် အခကြေးငွေကုန်ကျမှုမရှိဘဲ ထည့်သွင်းထားနိုင်ပါတယ်။
Blog ထဲမှာ C-box ထည့်ခြင်းကို အောက်ဖော်ပြပါအတိုင်း ၃ပိုင်းခွဲ၍ ဖော်ပြသွားပါမယ်။
1) Create an C-Box Account
2) Configuring C-Box
3) Add to Blog
Create an C-Box Account
C-Box ထံမှ Account တစ်ခု၇ရှိရန် ထုံးစံအတိုင်း ပထမဦးစွာ Registration လုပ်ရမယ်။ ပြီးရင် Email မှတဆင့် Activative လုပ်ကြရပါမယ်။
သို့သွားပါ။ ရောက်ပြီဆိုရင် Account သစ်တစ်ခုစဆောက်ရန် Signup တွင် Click နှိပ်လိုက်ပါ။
2. Username၊ Password အပါအ၀င် Email Address တို့ကိုဖြည့်ပြီး
Register လုပ်ရပါမယ်။ ပြည့်စုံစွာ ဖြည့်စွက်ပြီးလျှင် Finish တွင် Click
တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် Registration လုပ်ခြင်း ပြီးဆုံးသွားပြိး
မိမိထည့်သွင်းပေးခဲ့သော Email လိပ်စာတွင်းသို့ C-Box မှ Mail
တစ်စောင်ပို့ထားပါလိမ့်မယ်။
3. C-Box တွင် Register လုပ်စဉ်အခါတုန်းက ပေးခဲ့သော Email အတွင်းသို့
Login ၀င်လိုက်ပါက C-Box မှပို့ထားသော Message အားတွေ့ရပါမယ်။ ၄င်း Mail
Message အားဖွင့်ဖတ်လိုက်ပါ။
4. ပွင့်လာသော Mail Message ထဲတွင်www.cbox.ws
သို့ဝင်ရောက်တဲ့အခါ အသုံးပြုနိုင်မည့် Username နှင့် Password တို့ကို
တွေ့ရပါမယ်။ လိုအပ်ပါက ကူးယူမှတ်ထားလိုက်ပါ။ ထို့နောက် အပြာ ရောင်
Activation Link ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။ သီးခြား Window
တစ်ခုပွင့်လာပြီး
www.cbox.ws
သို့ ပြန်ရောက်သွားပါမယ်။
5. Activation လုပ်ရန်အတွက် Username နှင့် Password ကိုဖြည့်ပြီး
Login ၀င်ရပါမယ်။ (Username က ဖြည့်ပြီးသားဖြစ်ပါလိမ့်မယ်)။ Password
ဖြည့်ပြီး Login တွင် click နှိပ်လိုက်ပါ။ ဒါဆိုရင်
www.cbox.ws
သို့ Login ၀င်ရောက်သွားပြီး Activaiton လုပ်ခြင်းပြီးဆုံးပြီဖြစ်ပါတယ်။
Configuring you C-Box
C-box တွင် Login ၀င်ရောက်ခဲ့ပြီးပြီဆိုရင် လိုအပ်သလို Setting
အချို့ကို ပြင်ဆင်နိုင်ကြပါပြီ။ အထူးသဖြင့် C-Box အရွယ်အစား၊ စာလုံးအရောင်
အစရှိသဖြင့်ပေါ့။ စိတ်တိုင်းကျပြီဆိုမှ နာရီတွေ၊ ပြက္ခဒိန်တွေထည်သလိုပင်
HTML Code များအား Copy ကူးယူပြီး မိမိ Blog ထဲသွားထည့်ကြရပါမယ်။
1. C-Box အတွင်းဝင်ရောက်ပြိးပြီဆိုလျှင် မိမိရောက်ရှိနေသော နေရာသည်
Admin အောက်မှာ My Account ဆိုတဲ့ နေရာဖြစ်ပါတယ်။ (Page ၏ ဘယ်ဘက် Quick
Setup၊ Option အစရှိသည်တို့ထဲမှ My Account သည် High Light ဖြစ်နေပါမည်)။
C-Box Options တွင် Click နှိပ်လိုက်ပါ။
2. Options ထဲတွင် C-Box ရဲ့ အရွယ်အစားကို လိုသလို မြင်နိုင်ပါတယ်။ မှုလ အရွယ်အစားက 160*380 px ဖြစ်ပါတယ်။
3. အကယ်၍များ 200*400 px လို့များ ပြောင်းလိုက်ရင် C-Box သည်
ဘေးဘက်ပိုကျယ်လာမယ်။ အပေါ်အောက် ရှည်လာမယ်ပေါ့။ တစ်ခုခုပြင်ခဲ့တယ်ဆိုရင်
အရေးကြီးတာက Save တွင် Click နှိပ်ရပါမယ်။
မှတ်ချက်။ ။ စာလုံးအရောင်အရွယ်အစားတွေကို ပြောင်းလိုလျှင် Colours
& Fonts တွင် Click နှိပ်သွားရောက်ပြီး လိုသလိုပြင်ဆင်နိုင်ပါတယ်။
နောက်တခါ Smiles ထဲမှာဆိုရင် Keyboard ကနေဘယ်သေင်္ကတတွေတွဲရိုက်ပါက C-Box
ထဲမှာ ဘယ်လိုပုံ (Gesture) လေးတွေပေါ်မယ်ဆိုတာ မျိုးသွားရောက်လေ့လာ
ထားနိုင်ကြပါတယ်။
C-Box အတွင်းရေးသားထားသော Message များအား ဖျက်ထုတ်ခြင်း၊
ဘယ်သူတွေကိုတော့ ၀င်ရောက် ရေးသားခွင့် မပြုဆိုတာမျိုးတွေ ကန့်သတ်လိုပါက
Message Blocked user တို့ထဲမှာ လုပ်ဆောင် နိုင်ကြပါတယ်။ ယခုအဆင့်တင်
မလိုအပ်သေးပါ။
4. စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးပြီ
ဆိုရင် မိမိ Blog တွင်
ထည့်သွင်းရန်အတွက် HTML Code များကို Copy ကူးယူရပါမယ်။ Quick setup တွင်
Click နှိပ်လိုက်ပါ။ မိမိရဲ့ C-Box အတွက် HTML Code များမြင်ကြရ ပါမယ်။
5. “Copy to Clipboard” တွင် Click နှိပ်လိုက်ပါက ၄င်း Code
များအားလုံးကို Copy ကူးယူပြီးသွားပါပြိ။ တစ်နေရာတွင် Paste (Ctrl+v)
လုပ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြသော Message ပါသည့် Box ကျလာပါမည်။ OK တွင်
နှိပ်ပြိး ပိတ်လိုက်ပါ။

Facebook privacy shortcuts များအကြောင်း

Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ့ privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။
ဒီလို privacy shortcuts များကို  US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။ ဒါကြောင့် အသစ်ထည့်သွင်းထားတဲ့ Facebook privacy shortcuts တွေရဲ့ အသုံးဝင်မှုတွေကို NOM Fans တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
-Blocking
Facebook မှာ မိမိကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ သူတွေ၊အဆက်အသွယ်မလုပ်လိုတဲ့ သူတွေကို Block ချင်ရင် အရင်လို setting ထဲကနေ အရှည်ကြီး ၀င်နေစရာ မလိုတော့ပါဘူး။
Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး တတိယအကြောင်းမှာ  မိမိ Block လိုတဲ့ user ရဲ့ နာမည်(သို့)သူ့ရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။ ဒါ့အပြင် သင်ယခင်က block ထားတဲ့ သူတွေရဲ့ စာရင်းကိုကြည့်နိုင်ဖို့ View All Blocked Users ဆိုတာကိုပါ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။
-Privacy Shortcuts
Save
Facebook Privacy shortcuts pop-up box ရဲ့ ပထမအကြောင်းဖြစ်တဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းကို click နှိပ်လိုက်ပါ။
Who can see my future posts? ဆိုတဲ့ နေရာမှာ သင့်ရဲ့ post အသစ်အကုန်လုံးကို ဘယ်လို လုံခြုံရေးထားချင်သလဲဆိုတာကို မူတည်ပြီး လွယ်ကူစွာ ထိန်းချုပ်နိုင်အောင် လုပ်ထားပေးတာဖြစ်ပါတယ်။
နောက် Facebook Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ ဒုတိယ အကြောင်းဖြစ်တဲ့ Where can I review all my posts and things I’m tagged in? ဆိုတဲ့နေရာမှာတော့ သင်မတင်ခဲ့ဘဲ Tag လုပ်ခံထားရတဲ့ ပုံတွေ စာသားတွေကို ပါ ထိန်းချုပ်တာဖျက်ပစ်လို့ရမှာဖြစ်ပါတယ်။
222
ပြီးတော့ သင်မလိုတော့တဲ့ အတိတ်က ပိုစ့်အကုန်လုံးကို တစ်နေရာထဲကနေ ဖျက်ပစ်နိုင်မှာပါ။ Facebook Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ဆိုတဲ့ လုံခြုံရေးအတွက် အသုံးဝင်ပုံအကြောင်းကို ရှင်းပြသွားပါမယ်။
WW
မိမိရဲ့ Profile ကို မည်သူက ၀င်ကြည့်ရင် ဘယ်လိုပေါ်နေလဲ ဆိုတာ သိချင်ကြပါတယ်။ ဒါကြောင့် “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ကိုဝင်ပြီး View As ကို နှိပ်လိုက်ပါ။ ဒါဆိုရင် သင့်ရဲ့  profile ကို ပေါ်လာပြီး This is what your timeline looks like to: ဆိုတဲ့နေရာမှာ မိမိသိလိုတဲ့ သူငယ်ချင်းနာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။ အခုပြောပြမှာကတော့ နောက်ဆုံးအချက်ပါ။
Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး ဒုတိယအကြောင်းဖြစ်တဲ့ “who can contact me” ကို click လိုက်ပါ။
Fi
ပထမဆုံးအကြောင်းဖြစ်တဲ့ Whose messages do I want filtered into my Inbox? ဆိုတာကတော့ မိမိကို message ပေးပို့နေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာပါ။ ဒုတိယအကြောင်းဖြစ်တဲ့ Who can send me friend requests? ဆိုတာကတော့ ဘယ်သူတွေက သူငယ်ချင်းဖြစ်ခွင့် ပို့လို့ရအောင် ထိန်းချုပ်မလဲဆိုတာပဲဖြစ်ပါတယ်။
ဥပမာအနေနဲ့ ပြောရရင် မိမိနဲ့ သူငယ်ချင်းဖြစ်လိုသူကြားမှာ ကြားခံသူငယ်ချင်း(Mutual) မရှိရင် friend request ဆိုတဲ့ button ကို နှိပ်ခွင့်ပေးဖို့ နေနေသာသာ တဘက်လူက ရှာလို့ ရမှာတောင်မဟုတ်ပါဘူး။
××××××××××××××××××××××××××××××××××××××
အားလုံးပဲနှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ….

Thursday, February 21, 2013

ငွေရှိတိုင်း မဖြစ်နှိင်သောအရာများလောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက် …အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ…………။


1.ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။

2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။

3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်းဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကိုဝယ်လို့မရဘူး။

4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကိုဝယ်လို့မရဘူး။

5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကိုဝယ်လို့မရဘူး။

6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home)ကို ဝယ်လို့မရဘူး။

7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကိုမင်းဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကိုဝယ်လို့မရဘူး။

8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကိုဝယ်လို့မရဘူး။

9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter)ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty)ကို ဝယ်လို့မရဘူး။

10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန်(Time) ကို ဝယ်လို့မရဘူး။

11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်းဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။

12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်းဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကိုဝယ်လို့မရဘူး။

13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်းထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကိုဝယ်လို့မရဘူး။

14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင်ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကိုဝယ်လို့မရဘူး။

15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကိုမင်း ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကိုဝယ်လို့မရဘူး။

16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကိုငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။

17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်းဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီးသိက္ခာဆည်လို့မရဘူး။

18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင်ပြန်ကာလို့မရဘူး။

19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။

20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူနှစ်မျိုးသာရှိတယ်။

(1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလိုသုံးချင်သူ။

(2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။

မှတ်ချက်။ ။ ဗဟုသုတ အဖြစ် မျှဝေပါသည်။

လိုတာလေးတွေရှိရင် Command မှာဖြည့်ပေးနော်...


အေးချမ်းမွန်(အဲဆာန်မန်) မှ Myanmar News Update တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

ဗုဒ္မဟောကြားသော လောက၏ မပြောင်းလဲသော နိယာမ တရား ၃ပါး။



  1. အနိစ္စ=

    (ရုပ် နာမ် ဟူသရု အစဉ်သဖြင့် ဖြစ်ခြင်း ပျက်ခြင်း တရားကို မလွန်ဆန် နိုင်သော) မမြဲခြင်း တရား၊


    ဒုက္ခ=

    (ရုပ်ပိုင်း ခန္မာ၊ စိတ်ပိုင်း ခန္မာ ရှိနေသရု အို၊ နာ၊ သေ၊ တိုမှ မလွတ်မြောက် နိုင်သော) ဆင်းရဲခြင်း တရား၊


    အနတ္တ=

    (မိမိကိုယ်တိုင်သော် လည်းကောင်း၊ တစုံတဦး က သော်လည်းကောင်း မိမိကိုသော် လည်းကောင်း၊ တစုံတယောက်ကို လည်းကောင်း မအို၊ မနာ၊ မသေ၊ စေရန် (တာဝန်ယူ) လွှမ်းမိုး ချယ်လှယ် မရသော) အစိုးမရ ခြင်း တရား။

    ဗုဒ္မသည် ဗုဒ္မဘာသာ (ဗုဒ္မဟောကြားတော် မူသော တရားတော်များ) သာသနာ အရှည် တည်တံ့ရန် မိစ္ဆာ ဒိဌိ အယူများ ကို ဝေဖန် ပိုင်းခြား ဟောကြားခဲ့ ပါသည်။

    မိစ္ဆာဒိဌိ အယူရှိသော ဘာသာများကလဲ ဗုဒ္မ တရားတော် များ ကွယ်ပျောက်ရန် ရည်ရွယ် ကြိုးစား ဆောင်ရွက်နေကြ ပါသည်။ ဗုဒ္မသာသနာ မကွယ်ပျောက်ရန် ၀ိုင်းဝန်း ကာကွယ်ရန် တာဝန်မှာ ဗုဒ္မဘာသာဝင် တိုင်းတွင် တာဝန် ရှိပါသည်။

    မိစ္ဆာ ဒိဌိ ဆိုသော အဓိပ္ဖာယ်သည် မှားယွင်းသော အမြင်ကို ဆိုလိုပါသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားများ သည် လောက ၏ အမှန် တရား ဖြစ်ပါသည်။
    ထိုလောက၏ အမှန် တရား ကို ဆန်ကျင် အဓိပ္ဖာယ် ဖွင့်ခြင်း သည် မှားယွင်းသော အမြင် (မိစ္ဆာ ဒိဌိ အမြင်) ရှိသူ ဖြစ်ပါသည်။

    U Aung Hlaing U
world time