ယာဉ်ထိန်း တပ်ဖွဲ့ဝင် တစ်ဦးလျှင် ယာဉ်စီးရေ ၄၅၁ စီး ထိန်းကျောင်းရ
နေပြည်တော်၊ နိုဝင်ဘာ ၁၅
နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင်
ယာဉ်များကို ထိန်းကျောင်း နေသော ယာဉ်ထိန်းတပ်ဖွဲ့ အင်အား ၁၅၀၃ ဦးရှိပြီး
မော်တော်ယာဉ် စုစုပေါင်း ၃၁၉၉၄၈၄ စီးရှိရာ ယာဉ်ထိန်း တပ်ဖွဲ့ဝင်
တစ်ဦးလျှင် ယာဉ်စီးရေ ၄၅၁ စီးကို ထိန်းကျောင်း နေရကြောင်း ပြည်ထဲရေး
ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက
ယနေ့ပြုလုပ်သော ပြည်သူလွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက် သည်။
နတ်တလင်း မဲဆန္ဒ နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက
ယာဉ်မတော်တဆမှုများတွင် တာဝန်သိ ပြည်သူများက အချိန်နှင့် တပြေးညီ
ကူညီစောင့်ရှောက်ပေးနိုင်ရန် မေးမြန်းသည့် မေးခွန်းအပေါ် ၎င်းက အထက်ပါ
အတိုင်းဖြေကြားခြင်း ဖြစ်ကြောင်း နေပြည်တော် The Voice Weekly သတင်းထောက်
ကပြောကြားသည်။
No comments:
Post a Comment