Blogger Widgets

Thursday, February 21, 2013

နိုကီယာက ထုတ်မည့် ပစ်တိုင်းထောင် ဖုန်း


ပစ်တိုင်းထောင်တော့ မဟုတ်ပါဘူး။ Nokia Kinetic Concept Phone လို့ခေါ်ပါတယ်။ ဒီဇိုင်းအရပဲ ရှိပါသေးတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဘယ်လို Positon ထားထား အဆင်ပြေနေမယ့် ဖုန်း ဖြစ်ပါတယ်။ ဒီတစ်ချက်တည်းနဲ့တင် အပင်ပန်းခံ ထုတ်မှာတော့ မဟုတ်ပါဘူး။ သူ့မှာ electro-magnet ပါဝင်ပါတယ်။ ဒါကြောင့် ဖုန်းရဲ့  ဝိတ်အလေးချိန် မျှဝေမှု သဘောတရားကို သူက အလုပ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဖုန်းအဝင်၊အထွက်တွေ ကို ဖြေကြားဖို့အတွက်လည်း ခလုပ်နှိပ်စရာမလိုပဲ လွယ်ကူမယ့် နည်းလမ်းတွေလည်း ပါဝင်ပါတယ်။

Nokia က လုပ်တဲ့ ကြိုးမဲ့ အားသွင်းစနစ်မျိုးကတော့ မဖြစ်မနေပါဝင်ပြီး ကင်မရာလည်း Pure view တုန်းကလို အကောင်းဆုံး ဖြစ်မယ်လို့ဆိုပါတယ်။ သို့ပေမယ့် Concept အဆင့်သာ ရှိနေသေးပြီး Nokia Kinetic ဟာ မကြာသောနှစ်များမှာ ထွက်ရှိမယ်လို့ပဲ Hints ပေးထားပါတယ်။
---
Ref: techblog
Aung Kham (TSJ team)

အေးချမ်းမွန်(အဲဆာန်မန်) မှ TechSpace Journal တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ခြင်းဖြစ်ပါသည်။
excellencemedia.myanmar@gmail.com
Untitled Album (6 photos)

No comments: