Blogger Widgets

Thursday, February 21, 2013

RAM အမျိုးအစားများ


အောက်မှာဖော်ပြထားတာကတော့ အသုံးများတဲ့ RAM အမျိုးအစားများဖြစ်ပါတယ်။
SRAM : Static random access memory ကို transistors အမျိုးပေါင်းစုံကိုသုံးပြီး ပြုလုပ်ထားပါတယ်။ Memory cell တစ်ခုအတွက် transistor လေးခု ကနေ ခြောက်ခုအထိသုံးထားပြီး capacitor လုံးဝမပါရှိပါ။ Cache အဖြစ်အသုံးများပါတယ်။

DRAM : Dynamic random access memory ကို transistor နဲ့ capacitor အစုံတွဲဖြင့် ပြုလုပ်ထားပြီး ပုံမှန် refresh/recharge လုပ်ပေးဖို့ လိုအပ်ပါတယ်။

FPM DRAM : Fast page mode dynamic random access memory ကတော့ DRAM ရဲ့မူရင်းပုံစံပါ။ အလုပ်လုပ်တဲ့ပုံစံကတော့ ပထမဆုံး bit ရဲ့ တည်နေရာ ဖြစ်တဲ့ row နဲ့ column ကိုရှာတယ် ပြီးတော့ အဲဒီ bit ရဲ့အချက်အလက်ဖတ်တယ်၊ အဲဒီလုပ်ငန်းစဉ်တစ်ခုလုံး ပြီးသွားမှ နောက် bit တစ်ခုရဲ့ တည်နေရာကိုရှာတယ်၊ ဖတ်တယ်။ L2 cache ကိုပို့တဲ့ အမြင့်ဆုံး အချက်အလက်ပြောင်းရွှေ့နှုန်းက ခန့်မှန်းခြေ 176 MBps ရှိတယ်။

EDO DRAM : Extended data-out dynamic random access memory ကတော့ bit ရဲ့တည်နေရာကိုရှာတယ်၊ ဖတ်တယ် ဆိုတဲ့လုပ်ငန်းစဉ် တစ်ခုလုံး ပြီးအောင် မစောင့်ပါဘူး။ ပထမဆုံး bit ရဲ့တည်နေရာကို ရှာတွေ့ပြီဆိုတာနဲ့ EDO DRAM ကနောက် bit တစ်ခုရဲ့ တည်နေရာကို စရှာပါတယ်။ အဲဒါက FPM ထက် ၅ ရာခိုင်နှုန်းပိုမြန်စေတယ်။ L2 cache ကိုပို့တဲ့ အမြင့်ဆုံး အချက်အလက်ပြောင်းရွှေ့နှုန်းက ခန့်မှန်းခြေ 264 MBps ရှိတယ်။

SDRAM : Synchronous dynamic random access memory က burst mode concept (အတွဲအစု တစ်စုစီ အယူအဆ) ရဲ့ကောင်းကျိုးကြောင့် စွမ်းဆောင်ရည်သိသာစွာ တိုးတက်လာပါတယ်။ တောင်းခံထားတဲ့ bit ပါဝင်တဲ့ row တစ်လျှောက်မှာရှိတဲ့ column တွေကို တရစပ်ရွေ့ပြီး bit တစ်ခုခြင်းစီ ကို ကုန်တဲ့အထိဖတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အများအားဖြင့် CPU က data တွေကို အစီအစဉ်အတိုင်းပဲ လိုအပ်လို့ပဲဖြစ်တယ်။ SDRAM က EDO RAM ထက်ခန့်မှန်းခြေအားဖြင့် ၅ ရာခိုင်နှုန်းပိုမြန်လာပြီး အခုလက်ရှိ desktop computer အမျိုးအစားမှာ အသုံးများပါတယ်။ L2 cache ကိုပို့တဲ့ အမြင့်ဆုံး အချက်အလက်ပြောင်းရွှေ့နှုန်းက ခန့်မှန်းခြေ 528 MBps ရှိတယ်။

DDR SDRAM : Double data rate synchronous dynamic RAM က bandwidth ပိုမြင့်လာတာကလွဲလို့ SDRAM နဲ့အတူတူပါပဲ၊ bandwidth မြင့်တော့ ပိုမြန်လာတာပေါ့။ L2 cache ကိုပို့တဲ့ အမြင့်ဆုံး အချက်အလက်ပြောင်းရွှေ့နှုန်းက ခန့်မှန်းခြေ 1,064 MBps (for DDR SDRAM 133 MHz) ရှိတယ်။

RDRAM : Rambus dynamic random access memory အရင်က DRAM တည်ဆောက်ပုံအခြေခံကို ပြောင်းလဲထားပါတယ်။ Rambus ကနေဒီဇိုင်းထုတ်ထားပြီး Rambus in-line memory module (RIMM) ကိုအသုံးပြုထားပါတယ်။ DIMM နဲ့ အရွယ်အစားနှင့် pin ဖွဲ့စည်းပုံ ဆင်တူပါတယ်။ အဓိကကွာခြားသွားတဲ့ အချက်ကတော့ Rambus channel လို့ခေါ်တဲ့ အလွန်မြန်နှုန်းမြင့်မားတဲ့ data bus ကိုအသုံးပြုထားလို့ပါ။ RDRAM က 800 MHz (1,600 MBps) အမြန်နှုန်းနဲ့ အပြိုင် (parallel) စနစ်ဖြင့်အလုပ်လုပ်ပါတယ်။ မြန်နှုန်းမြင့်နဲ့ အလုပ်လုပ်တဲ့အတွက်ကြောင့် တစ်ခြား chip တွေထက် အပူကိုပိုမိုထုတ်လွှတ်ပါတယ်။ ပိုထွက်လာတဲ့အပူတွေကို စွန့်ထုတ်ဖို့အတွက် အပူဖြန့်တဲ့ အစိတ်အပိုင်းတွေကိုပါ တပ်ဆင်ထားရှိပါတယ်။ တစ်ခြားသော RAM အမျိုးအစားတွေလိုပါပဲ notebook computer တွေအတွက် သေးငယ်တဲ့ SO-RIMM တွေလည်းရှိပါတယ်။

Credit Card Memory : Credit card memory တွေက အထူးထုတ်လုပ်ထားရှိပြီး သက်ဆိုင်ရာ notebook computer တွေမှာသာ အသုံးပြုလို့ရပါတယ်။ Self-contained အမျိုးအစားပဲဖြစ်ပါတယ်။

PCMCIA Memory Card : Self-contained အမျိုးအစားဖြစ်ပြီးတော့ PCMCIA standard ဖြင့်ထုတ်လုပ်ထားတဲ့ အတွက်ကြောင့် system bus ဖြင့်ကိုက်ညီပါက ထုတ်လုပ်သည့် company မတူညီတဲ့ notebook computer မှာအသုံးပြုလို့ရပါတယ်။

CMOS RAM : CMOS RAM တွေက သေးငယ်တဲ့ပမာဏ သာရှိပြီး hard disk setting ကဲ့သို့သော အချက်အလက်များကိုသာ သိမ်းဆည်းထားရန် ဖြစ်ပါတယ်။ ဒီ memory ထဲကအချက်အလက်တွေ မပျောက်ပျက်ဖို့ အတွက် သေးငယ်တဲ့ battery ကနေပြီး power ပေးထားရပါတယ်။

VRAM : VideoRAM, Multiport dynamic random access memory (MPDRAM) လို့အသိများပြီး အထူးသဖြင့် video adapter (သို့) 3-D accelerator တွေအတွက် အသုံးပြုပါတယ်။ "Multiport" လို့ခေါ်ရတဲ့အကြောင်းရင်းကတော့ access port တစ်ခုပဲရှိရမယ့်အစား နှစ်ခုရှိလို့ပါ။ တစ်ခုက CPU အတွက်ဖြစ်ပြီး နောက်တစ်ခုက graphic processor အတွက်ဖြစ်ကာ နှစ်ခုစလုံးမှ တပြိုင်နက် access လုပ်နိုင်ပါတယ်။ VRAM တွေက graphic card အပေါ်မှာထားရှိပြီးတော့ မတူညီတဲ့ ပုံစံအမျိုးအစားတွေရှိပါတယ်။ VRAM အနည်းအများက display ရဲ့ resolution နဲ့ color depth ကိုအဆုံးအဖြတ်ပေးပါတယ်။ Multiport VRAM အစစ်တွေက ဈေးနှုန်းကြီးမားတဲ့အတွက် များစွာသော graphic card တွေက SGRAM (synchronous graphic RAM) တွေကို အစားထိုးသုံးစွဲပါတယ်။ စွမ်းဆောင်ရည်ကတော့ multiport နီးပါးရှိပြီး ဈေးနှုန်းသက်သာပါတယ်။

No comments: