Blogger Widgets

Thursday, February 21, 2013

ဆိုင်ကယ်ကယာဉ်အားကျော်တက်စဉ် ကြိတ်မိ



နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

၂၀-၂-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သိမ်ကုန်း ကျေးရွာ ရွာအလယ်လမ်းတွင် အရှေ့မှအနောက်သို့ ၎င်းင်းရွာနေ ၀င်းညွန့်(၄၄)နှစ် မောင်းနှင်လာသည့် ၉ဌ/xxxx ၆ ဘီး ဖောယာဉ်အား တစ်ရွာတည်းနေ မသူဇာငြိမ်း(၁၈)နှစ် မောင်းနှင်ပြီး မောင်ဖြစ်သူ စည်သူထွန်း(၉)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်က ယာဘက်လမ်းကြောမှကျော်တက်စဉ် လမ်းချော်ကာ ဆိုင်ကယ်လဲကျသွားစဉ် စည်သူထွန်း၏ ဦးခေါင်းအား ယာဉ်၏ယာဘက်နောက်ဘီးဖြင့် ကြိတ်မိခဲ့သည်။

ထိုသို့ ကြိတ်မိခဲ့သဖြင့် စည်သူထွန်းမှာ အခင်းဖြစ်နေရာတွင် သေးဆုံးခဲ့ပြီး မသူဇာငြိမ်းမှာ ၀ဲပါး/နားရွက်၊ လက်ဖျံတို့၌ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် ရမည်းသင်းဆေးရုံသို့ တင်ပို့ကုသထားကြောင်းနှင့် ၀င်းညွန့်နှင့် မသူဇာငြိမ်း တို့အား ရမည်းသင်းရဲစခန်း(ပ)၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

No comments: