Blogger Widgets

Thursday, December 27, 2012

မြန်မာနိုင်ငံမြို့ကြီးတွေမှာ VISA ကဒ်နဲ့ ငွေထုတ်နိုင်ပြီ




နိုင်ငံတကာမှာ အသုံးပြုနေတဲ့ Visa ငွေထုတ်ကဒ် ကိုင်ဆောင်ထား သူတွေဟာ နိုင်ငံခြားဧည့်ခရီးသွားတွေ အများစုသွားလာလည်ပတ်ကြတဲ့ နေရာတွေနဲ့အတူ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီး စတဲ့ မြို့တွေမှာ ရှိတဲ့ သမဝါယမဘဏ်နဲ့ ကမ္ဘောဇဘဏ်တွေမှာ တပ်ဆင်ထားတဲ့ ATM ခေါ် ငွေထုတ်စက် အလုံး ၉ဝ မှာ စတင်ငွေထုတ်နိုင်ပြီလို့ သိရပါတယ်။
ဒါဟာ ခေတ်မှီတဲ့ နည်းစနစ်နဲ့ ငွေသုံးစွဲမှု အလွဲအပြောင်းကိစ္စတွေကို  မြန်မာနိုင်ငံမှာ အောင်မြင်စွာ စတင်အသုံးပြုလာနိုင်တာဖြစ်ပြီး၊ VISA ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အာမခံချက်တွေအတိုင်း ဆောင်ရွက်သွားဖို့ VISA ကုမ္ပဏီကလည်း သဘောတူလက်ခံထားကြပါတယ်။
အခုလို VISA ကဒ် ကုမ္ပဏီနဲ့  မြန်မာပြည်တွင်းကဘဏ်တွေ အတူတကွလက်တွဲလုပ်ဆောင်နိုင်တာကို ဂုဏ်ယူကြောင်းနဲ့ ဒါဟာ ခေတ်မှီတဲ့ နည်းစနစ်တွေနဲ့  ငွေကြေးသုံးစွဲမှုအတွက် အရေးကြီးတဲ့ ခြေလှမ်းအစဖြစ်တယ်လို့လည်း VISA ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့် ၂ဝ၁၃ ကျရင် ဆီးဂိမ်း အရှေ့တောင်အာရှ အားကစားပွဲတော်နဲ့  ကမ္ဘာ့စီးပွားရေးဆိုင်ရာ ညီလာခံကြီးတရပ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အစီအစဉ်ရှိပြီး အခု အကောင်အထည်ဖေါ်လိုက်တဲ့ ငွေထုတ်စက်တွေဟာ အများအတွက် အကျိုးများမယ်လို့ အကဲခတ်ပုဂ္ဂိုလ်တွေက ပြောပါတယ်၊
 www.MyanmarExpress.net

Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်အား ပြန်လည်ရှင်းလင်း ပြောပြချက်

ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် လေယာဉ်မယ် အဖြစ် တာဝန်ယူ လိုက်ပါကာ ခရီးသည်များအား ကယ်တင်ခဲ့သည့် မခိုင်စုနိုင် (အကြီးတန်း လေယာဉ်မယ်၊ Air Bagan) မှ သူမကြုံတွေ့ ခဲ့ရသည်များကို Eleven Media Group သို့ ပြောပြခဲ့သည် များအား ဖော်ပြအပ်ပါသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) က သူမကြုံတွေ့ခဲ့ရသည်များကို မီဒီယာများအား ရှင်းပြနေစဉ်။ ဓါတ်ပုံ - Eleven Media Group               

Sunday, November 18, 2012

အိုဘားမားခရီးစဉ်ကြောင့် မြန်မာ့စီးပွားရေး အခွင့်အလမ်းကောင်းမျှော်လင့်

သမ္မတ အိုဘားမား မြန်မာနိုင်ငံကို လာမယ့် ခရီးစဉ်နဲ့ အတူ၊ အမေရိကန် အနေနဲ့ မြန်မာနိုင်ငံက သွင်းကုန်ပိတ်ဆို့ အရေးယူ ထားတာတွေကို ဖယ်ရှားပေး လိုက်တာကြောင့် မြန်မာ့စီးပွားရေး အလားအလာ ပိုကောင်း လာမယ်လို့ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်တွေက ယူဆနေကြပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းတဲ့ တိုင်းပြည်ဖြစ်တယ် လို့ အမေရိကန်ဘက်က လည်း ယူဆနေတာပါ။ မြန်မာနိုင်ငံ စီးပွားရေး အနာဂတ်နဲ့ ပတ်သက်လို့ အမေရိကန်ဘက်က အမြင်၊ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေ ဘက်ကရော အမေရိကန်အပေါ်မှာ ဘယ်လို ရှုမြင်ပါသလဲ ကိုသားညွန့်ဦးက စုစည်း တင်ဆက်ပေးထားပါတယ်။

မြန်မာနိုင်ငံကို မကြာခင်ရက်ပိုင်းအတွင်း သမ္မတအိုဘားမား လာရောက်မှာဖြစ်သလို၊ မြန်မာနိုင်ငံ သွင်းကုန်တွေကို ပိတ်ပင်တဲ့ ယခင်အရေးယူမှုတွေကို အမေရိကန်ဘက်က ရုပ်သိမ်းမှု အသက်ဝင်သွားပြီ ဖြစ်တာကြောင့် မြန်မာ့စီးပွား ဖွံ့ဖြိုးရေးအတွက် မျှော်လင့်ချက်တွေ တိုးလာစေပါတယ်။ တကယ်တော့ မြန်မာနိုင်ငံဟာ စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းတဲ့ နိုင်ငံဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒီကနေ့ပဲ စင်ကာပူနိုင်ငံမှာ ပြောသွားတာပါ။

“မြန်မာနိုင်ငံဟာ လုံခြုံရေးနဲ့ စိုးရိမ်ကြောင့်ကျမှု တွေကြောင့် ဒေသတွင်း တိုးတက်မှု နှေးကွေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလမ်းအတိုင်း သွားမရတော့ပါဘူး။ အခုဆိုရင် မြန်မာနိုင်ငံဟာ တံခါးဖွင့်လာသလို ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ဆက်ဆံရေးသစ် တွေကိုလည်း ထူထောင်လာတာကြောင့် ကုန်သွယ်ရေးအရ အချက်အချာ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ဈေးကွက်တွေကို ချိတ်ဆက်ပေးတဲ့နေရာ ဖြစ်ပါတယ်။ စွမ်းအင်အရင်းအမြစ် သစ်တွေနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေနဲ့ အင်ဒို-ပစိဖိတ် ဒေသရဲ့ စီးပွားရေးတံခါးပေါက်တခု ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအတွက် အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင်ပြီး၊ သန်းနဲ့ချီပြည်သူတွေ ဆင်းရဲမွဲတေမှုတွေကို လျော့ပါးလာနိုင်ပါတယ်။”

မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ကုန်သွယ်ရေးအရ အချက်အချာကျတယ် ဆိုတဲ့ ဒီအချက်ကို အမေရိကန်ဘက်က အထူးစဉ်းစားခဲ့ပုံရပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံအပေါ်မှာ အမေရိကန်မူဝါဒ ပြောင်းလဲမှု၊ သမ္မတအိုဘားမား မြန်မာခရီးစဉ် လာရောက်မှုတွေ အတွက် အရေးပါတဲ့ အချက်တချက် ဖြစ်မယ်လို့ သုံးသပ်သူတွေ ယူဆပါတယ်။ သမ္မတအိုဘားမားခရီးစဉ် အတွက် စဉ်းစားရာမှာ မြန်မာနိုင်ငံဟာ ဒေသတွင်း မဟာဗျူဟာကျမှုကိုလည်း ထည့်သွင်းစဉ်းစားတယ်လို့ အိမ်ဖြူတော်အရာရှိတွေ ကလည်း တနေ့က ပြောခဲ့တာပါ။ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် ပါမောက္ခ Thitinan Pongsudhirak ကလည်း အမေရိကန်အနေနဲ့ ဒေသတွင်းမှာ စီးပွားရေးအရ သူတို့ ပြတ်ကျန်ခဲ့တယ်လို့ ယူဆတဲ့အကြောင်း သူ့ထင်မြင်ချက်ကို ပြောပါတယ်။

“ပုဂ္ဂလိကလုပ်ငန်းပိုင်း အကျိုးစီးပွားအရ ပြောမယ်ဆိုရင်တော့ အမေရိကန်က သူနောက်မှာ ပြတ်ကျန်ခဲ့တယ်လို့ ယူဆပါတယ်။ ဥရောပသမဂ္ဂတို့၊ အာဆီယံတို့ တရုတ် စသဖြင့် နိုင်ငံတွေနောက်မှာ ကျန်ခဲ့တယ်လို့ ယူဆတာပါ။ ဒါကြောင့် အခုအချိန်ဟာ အမေရိကန်အတွက် အထူးသဖြင့် အမေရိကန် စီးပွားရေး လုပ်ငန်းတွေ အတွက် အခွင့်အလမ်း ဆုပ်ကိုင်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကြောင့်မို့ သမ္မတအိုဘားမား  ခရီးစဉ်ဟာ အမေရိကန်စီးပွားရေးနဲ့ ကုန်သွယ်ရေး အကျိုးစီးပွား အတွက် အမေရိကန် ပုဂ္ဂလိကလုပ်ငန်းပိုင်းတွေ အကျိုးဖြစ်မယ့် ခရီးလို့ ယူဆရပါတယ်။”

ဒါကြောင့်လည်း အခု သမ္မတအိုဘားမားဟာ ဒုတိယ သမ္မတသက်တမ်း ရွေးချယ်ခံရပြီးပြီးချင်း အာရှဒေသ ခရီးထွက်လာတာကိုကြည့်ရင်၊ သူ့အနေနဲ့ ဒီဒေသအပေါ်မှာ အထူးစိတ်ဝင်စားကြောင်း ဖော်ပြချက်ဖြစ်တယ်လို့ ယူဆပါတယ်။ အခု အာရှခရီးစဉ်နဲ့ ကမ္ဘောဒီယား နိုင်ငံမှာလုပ်မယ့် အာဆီယံထိပ်သီး အစည်းအဝေး ကာလမှာလည်း စီးပွားရေးနဲ့ ကုန်သွယ်ရေးကိစ္စကို ပိုအလေးထားမယ်လို့ တွက်ဆကြပါတယ်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင် ကလည်း အမေရိကန်နဲ့ မြန်မာ စီးပွားရေးအရ ဆက်ဆံမှုလမ်းပွင့်လာပြီး တိုးတက်လာမယ့် အလားအလာကိုလည်း မြင်ရပြီလို့ ပြောပါတယ်။ ရန်ကုန်မှာရှိတဲ့ ကုန်သည်အသိုင်းအ၀ိုင်း၊ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်း အကြားမှာလည်း မကြာခင် သမ္မတအိုဘားမားလာမယ့် ခရီးစဉ်ကို အထူး စိတ်ဝင်စားကြပါတယ်။ မြန်မာနိုင်ငံကို အမေရိကန်ဘက်က ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း ပုံနှိပ်စက်လုပ်ငန်းပိုင်ရှင်တဦးက ပြောပါတယ်။

“အဲဒီတစု လာတဲ့အတွက် အန်တီတို့ တိုင်းပြည်က တိုးတက်သွားမယ်၊ စီးပွားရေး လုပ်ငန်းရှင်တွေ အများကြီး များပြားလာမယ်။ ၀င်ငွေတွေ တိုးတက်လာမယ့်အတွက် အန်တီတို့က အိုဘားမားကို အရမ်းကို ကြိုဆိုပါတယ်။ အရမ်းလည်း ၀မ်းသာပါတယ်။”
 
သမ္မတအိုဘားမားရဲ့ ဒီခရီးစဉ်ဟာ စောလွန်းသေးတယ် ဆိုပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကတော့ ကန့်ကွက်နေကြတာပါ။ တိုင်းရင်းသားဒေသ အချို့မှာ မငြိမ်းချမ်းသေးတာ၊ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတာ၊ ဖွဲ့စည်းပုံအရ ဒီမိုကရေစီ မဆန်ဘဲ စစ်တပ်က အုပ်ချုပ်မှုကို ထိန်းထားနိုင်တာ စသဖြင့် ထောက်ပြကြပါတယ်။ ဒါပေမဲ့လည်း နာရီပိုင်းကြာမယ့် သမ္မတအိုဘားမားရဲ့ မြန်မာခရီးစဉ်အတွင်း စစ်အစိုးရ ရုံးစိုက်ခဲ့တဲ့ နေပြည်တော်ကို မသွားဘဲ ရန်ကုန်မှာပဲ အချိန်ယူထားပါတယ်။ ဒါကိုကြည့်ရင် အမေရိကန်အနေနဲ့ ဒီမိုကရေစီ အ3:<_g[w်းရေးကို ထောက်ခံတယ် ဆိုတဲ့ ပြသချက်ဖြစ်တယ်လို့ ပါမောက္ခ Thitinan က ယူဆပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုရော သမ္မတဦးသိန်းစိန်ကိုပါ တွေ့ဆုံမယ့် သမ္မတအိုဘားမား ခရီးစဉ်ဟာ အတော်လေးကို ထူးခြားပါလိမ့်မယ်။ အနှစ်သာရအရ ပြောမယ်ဆိုရင်တော့ သူ ဘယ်တွေကို သွားလဲဆိုတာ ကြည့်ရပါမယ်။ အခု ခရီးစဉ်အတွင်း သူဟာ နေပြည်တော်ကို မသွားဘဲ ရန်ကုန်မြို့ကိုပဲ သွားတာပါ။ ဒါကိုကြည့်ရင် ဒီခရီးစဉ်ဟာ ဦးသိန်းစိန်ထက် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဖို့ ခရီးလို့ ပြောရပါမယ်။ သေချာတာကတော့ ခြုံပြောရရင် ဒါဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံတဲ့ ခရီးစဉ်ဖြစ်ပါတယ်။”

သမ္မတအိုဘားမားရဲ့ မြန်မာခရီးစဉ်အတွင်းမှာပဲ ထူးထူးခြားခြား တခုကတော့ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုမှာ အထင်ကရဖြစ်ပြီး၊ ဒီမိုကရေစီလှုပ်ရှားမှုတွေ မှာလည်း ကြီးကျယ်ခမ်းနားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်မှာ မြန်မာလူထုကို မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။ ဒါဟာလည်း နိုင်ငံရေးအရ ထူးခြားမှုတရပ်လို့ ယူဆလို့ရပါတယ်။

 ကိုသားညွှန့်ဦး (ဗွီအိုအေ မြန်မာဌာန)

အမေရိကန် သမ္မတ အိုဘားမား နဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတွေပါတဲ့ တီရှပ်အင်္ကျီတွေ ရန်ကုန်မြို့မှာ ရောင်းချနေပုံ။ (နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၂)။

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး မြန်မာပြည်ခရီးမှာ အိုဘားမားပြောမည်

မြန်မာနိုင်ငံ အနေနဲ့ မြောက် ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံနေတာ ဖြတ်တောက်ပစ်ဖို့ တနင်္လာနေ့ မြန်မာနိုင်ငံကို ရောက်လာတဲ့ အခါ အမေရိကန် သမ္မတ ဘရက်အိုဘားမား က မြန်မာ ခေါင်းဆောင် တွေကို တိုက်တွန်း သွားဖို့ ရှိတယ်လို့ အိမ်ဖြူတော် အရာရှိတွေ ပြောတဲ့ အကြောင်း စနေနေ့က ရိုက်တာ သတင်းမှာ ဖော်ပြ ထားပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အမေရိကန် သမ္မတ ဘရက်အိုဘားမား။ (နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၂)။

Friday, November 16, 2012

သတိ ! ကွန်ပြုတာလက်တော.ကိုပေါင်ပေါ်တင်ပီ ရရှိလာမည့်အကျိုးဆက် (Laptop အသုံးပြူသူများ သတိထားရန်)


လူအများစုက လက်တော.ပ်ကို ပေါင်ပေါ်တင်ပြီး အသုံးပြုဖိုလို ယုံကြည်ထားကြပေမယ်ကုမ္မဏီကြီးတွေ ဖြစ်တဲApple, Hewlett Packard and Dell စတဲကုမ္မဏီတွေကတော. လက်တော.ကို ပေါင်ပေါ်မတင်ဖို သတိပေးခဲကြတယ်။


လက်တော.ပ် ကို ကြာရှည်စွာ ပေါင်ပေါ်တင်ပြီး အသုံးပြုခြင်းကြောင်. ရှားပါးတဲ. Toasted Skin ရာဂါလက္ခဏာစုကို ရစေနိုင်ကြောင်း မကြာသေးမီက ၁၂နှစ်သားအရွယ် ကောင်လေးတစ်ယောက် ၅၂ ဒီဂရီ စင်တီဂရိတ်ထိ အပူထုတ်လွတ်တဲ. လက်တော.ကို လအတန်ကြာ. ပေါင်ပေါ်တင်ပြီး ဂိမ်းကစားခဲ.ရာမှ Toasted Skin Syndrome ရရှိခဲ.ကြောင်း Pediatrics Medical Journal မှာဖော်ပြလိုက်ပါတယ်။

၎င်းရောဂါဟာ လက်တော.ပ် ကိုပေါင်ပေါ်တင်O]O?Kgတဲ.အခါ ထွက်ပေါ်လာတဲ. အပူ ရှိန်ကြောင်. နေလောင် သကဲ.သို. အညိုရောင် အကွက်လေးတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီ အခြေအနေမှာ အန္တရာယ်မရှိပေမယ်. Permanent skin darkening အရေအပြားအရောင်ကို ပျက်စီးစေပြီး အရေအပြားကင်ဆာ ကိုလည်းဖြစ်စေ နိုင်ပါတယ်လို.ဆိုပါတယ်။

Toasted Skin Syndrome ဟာ မုန်.ဖုတ်သူ ၊ မီးဖိုနားမှာအလုပ်လုပ်ရသူ၊ မီးအပူနဲ. နီးနီးကပ်ကပ် အလုပ်လုပ်ရတဲ. အလုပ်သမားတွေမှာ အများဆုံးတွေ.ရနိုင်ပါတယ် ။

လက်တော.ပ်ကို ပေါင်ပေါ်တင်ပြီး အသုံးပြုတဲ. အမျိုးသားတွေကလည်း လက်တော.ကနေ ထွက်လာတဲ.အပူရှိန်ကြောင်. ဝှေးစေ.မှ သုက်ပိုးထုတ်လုပ်မှု ကျဆင်းစေပြီး ၊ မျိုးကန်းစေ နိုင်တဲ.ထိ ဖြစ်နိုင်ကြောင်းလည်း အနောက် တိုင်းဆေးပညာကလွန်ခဲ.တဲ. နှစ်တွေက ဖော်ပြ ခဲ.ပါတယ်။ မည်သည်.လက်တော.ပ် အမျိုးအစားက ထိုသို.ဖြစ်စေနိုင်ကြောင်းကိုတော. မသတ်မှတ် ရသေးပါဘူးလို.လည်းဆိုပါတယ်။
By: ထူးထူးဆန်းဆန်း
သတိ ! ကွန်ပြုတာလက်တော.ကိုပေါင်ပေါ်တင်ပီ ရရှိလာမည့်အကျိုးဆက် (Laptop အသုံးပြူသူများ သတိထားရန်

လူအများစုက လက်တော.ပ်ကို ပေါင်ပေါ်တင်ပြီး အသုံးပြ
ုဖို.လို. ယုံကြည်ထားကြပေမယ်. ကုမ္မဏီကြီးတွေ ဖြစ်တဲ. Apple, Hewlett Packard and Dell စတဲ. ကုမ္မဏီတွေကတော. လက်တော.ကို ပေါင်ပေါ်မတင်ဖို. သတိပေးခဲ.ကြတယ်။

လက်တော.ပ် ကို ကြာရှည်စွာ ပေါင်ပေါ်တင်ပြီး အသုံးပြုခြင်းကြောင်. ရှားပါးတဲ. Toasted Skin ရောဂါလက္ခဏာစုကို ရစေနိုင်ကြောင်း မကြာသေးမီက ၁၂နှစ်သားအရွယ် ကောင်လေးတစ်ယောက် ၅၂ ဒီဂရီ စင်တီဂရိတ်ထိ အပူထုတ်လွတ်တဲ. လက်တော.ကို လအတန်ကြာ. ပေါင်ပေါ်တင်ပြီး ဂိမ်းကစားခဲ.ရာမှ Toasted Skin Syndrome ရရှိခဲ.ကြောင်း Pediatrics Medical Journal မှာဖော်ပြလိုက်ပါတယ်။

၎င်းရောဂါဟာ လက်တော.ပ် ကိုပေါင်ပေါ်တင်ပြီး အသုံးပြုတဲ.အခါ ထွက်ပေါ်လာတဲ. အပူ ရှိန်ကြောင်. နေလောင် သကဲ.သို. အညိုရောင် အကွက်လေးတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီ အခြေအနေမှာ အန္တရာယ်မရှိပေမယ်. Permanent skin darkening အရေအပြားအရောင်ကို ပျက်စီးစေပြီး အရေအပြားကင်ဆာ ကိုလည်းဖြစ်စေ နိုင်ပါတယ်လို.ဆိုပါတယ်။

Toasted Skin Syndrome ဟာ မုန်.ဖုတ်သူ ၊ မီးဖိုနားမှာအလုပ်လုပ်ရသူ၊ မီးအပူနဲ. နီးနီးကပ်ကပ် အလုပ်လုပ်ရတဲ. အလုပ်သမားတွေမှာ အများဆုံးတွေ.ရနိုင်ပါတယ် ။

လက်တော.ပ်ကို ပေါင်ပေါ်တင်ပြီး အသုံးပြုတဲ. အမျိုးသားတွေကလည်း လက်တော.ကနေ ထွက်လာတဲ.အပူရှိန်ကြောင်. ဝှေးစေ.မှ သုက်ပိုးထုတ်လုပ်မှု ကျဆင်းစေပြီး ၊ မျိုးကန်းစေ နိုင်တဲ.ထိ ဖြစ်နိုင်ကြောင်းလည်း အနောက် တိုင်းဆေးပညာကလွန်ခဲ.တဲ. နှစ်တွေက ဖော်ပြ ခဲ.ပါတယ်။ မည်သည်.လက်တော.ပ် အမျိုးအစားက ထိုသို.ဖြစ်စေနိုင်ကြောင်းကိုတော. မသတ်မှတ် ရသေးပါဘူးလို.လည်းဆိုပါတယ်။
By: ထူးထူးဆန်းဆန်း

အိုဘားမားခရီးစဉ်အတွက် အမေရိကန်အထူးတပ်ဖွဲ့များ လုံခြုံရေး စီမံများ ကြိုတင်ဆောင်ရွက်နေ




အမေရိကန် သမ္မတ မစ္စတာ ဘာရက်အိုဘားမား မြန်မာပြည်လာရောက်မယ့် ကိစ္စမှာ သူ့ရဲ့အထူး တပ်ဖွဲ့တွေ မြန်မာနိုင်ငံကို ကြိုတင်ရောက်ရှိနေပြီး လုံခြုံရေး အစီအမံတွေကို လေ့လာနေပါပြီ။

မြန်မာနိုင်ငံမှာ အမေရိကန်သမ္မတတဦးရဲ့ နှစ်ပေါင်း ၆၀ ကာလအတွင်းမှာ သမိုင်းဝင်လာရောက်မယ့် ခရီးစဉ်အတွက် လုံခြုံရေးဟာ အထူးရေးကြီးတာမို့ အခုလို ကြိုတင်စီမံမှုတွေလုပ်ဆောင်နေတာပါ။

သမ္မတ အိုဘားမား တည်းခိုမယ့် ချက်ထရီယမ်ဟော်တယ်အနီးတ၀ိုက်မှာ အခုဓာတ်ပုံထဲက မြင်ရတဲ့ အတိုင်း လုံခြုံရေး ကိစ္စရပ်တွေနဲ့ အထူးကြပ်မတ်မှုတွေလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် ယမန်နှစ် ဒီဇင်ဘာလက လာခဲ့စဉ်ကလည်း အလားတူ ကြိုတင်၍ အထူးတပ်ဖွဲ့များ လာရောက်ကာ လုံခြုံရေးအစီအမံတွေကို လုပ်ဆောင်ခဲ့ဖူး ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၃ ခုနှစ်က တောင်ကိုရီယားသမ္မတ မစ္စတာ ချန်ဒူဝမ်နဲ့အဖွဲ့ဟာ အာဇာနည်ဗိမ္မာန်ကို လာရောက် ဂါရ၀ ပြုခဲ့စဉ်က မြောက်ကိုရီယား သူလျှို ၃ ဦးက ဗုံးခွဲ လုပ်ကြံတိုက်ခိုက်မှုလုပ်ခဲ့ဖူးတာကြောင့် လုံခြုံရေး သင်္ခန်းစာလည်း ရှိခဲ့ပါတယ်။ နိုင်ငံတော်အစိုးရကလည်း အမေရိကန် သမ္မတရဲ့ လုံခြုံရေးကိုလည်း အထူးဂရုစိုက်မှာ သေချာပါတယ်။

ယနေ့ခေတ် မီဒီယာစာမျက်နှာတွေပေါ်က အရက်ကြော်ငြာများနှင့် တိုင်းပြည် အနာဂတ် ပန်းပွင့်များ





ယနေ့ခေတ် မီဒီယာ လောကသည် လွတ်လပ် ပွင့်လင်းသော လမ်းကြောင်း ပေါ်သို့ ရောက်ရှိ နေချေပြီ။ ဂျာနယ်တိုက်ကြီး များလည်း ငွေအင်အား လုံလောက်စွာနှင့် လူအင်အား ပြည့်လျှံနေအောင် ပင် ရုန်းကန် နေကြသည်မှာ ဝမ်းသာ စရာပင်။ ပြည်သူအတွက် လိုအပ်သော စတုတ္ထ မဏ္ဍိုင်ဖြစ်သလို နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်ဖြစ်ပေသည်။ ပြည်သူများထင်ထောင်ထင်မှားမဖြစ်စေဖို့ မီဒီယာများ၏တာဝန်သည် လည်း အရေးကြီး လှပေသည်။
လွတ်လပ်ပြီဆိုတိုင်း စည်းလွတ်ဘောင်လွတ် မဖြစ်စေဘဲလွဲနေ သည်များ တည့်မတ်စေဖို့ လိုသလိုတိကျမှန်ကန်မှုများနှင့် ယုံကြည်မှု ပေးနေသော မီဒီယာများ၏ စောင့်ထိန်းအပ်သည်များကိုလည်း တချို့ မှာအပေါ်ယံနှင့်အနှစ်သာရ မဝေခွဲနိုင်သယောင်ဆောင်နေတတ်၏။ တစ်ရက်က မုံရွာမြို့မှ ၈မိုင်ခန့် ထော်လာဂျီဖြင့်သွားရသော ရွာတစ်ရွာက အသိမိတ်ဆွေတစ်ဦးနှင့်စကားပြောဖြစ်ခဲ့သည်။ မြို့သို့ ရောက်တိုင်း ရွာစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များကို မိတ်ဆွေများက လှူဒါန်းကြသောကြောင့် ရွာတွင်ဂျာနယ်အစုံနီးပါး ဖတ်ရှုရသည် ဟုဆိုသည်။
ထိုသို့ပြောပြီး မိတ်ဆွေများငြိမ်သက်၍ ငေးငိုင်သွားသည်ကိုသတိပြုမိသည်။ ဆက်ပြီး မိတ်ဆွေက သူ၏ သားအကြောင်းကို စိတ်မကောင်းစွာပြောပြနေသည်။ သူ၏သားက တောင်ဘက် ၃ရွာအကျော်က
အထက်တန်းကျောင်းပြီးသည်အထိ ကျောင်းနေခဲ့ရသူတစ်ဦးဖြစ်ကြောင်း၊ ကျေးရွာစာကြည့်တိုက်ထူ ထောင်စဉ်ကတည်းက အားကျိုးမာန်တက်ပါဝင်လုပ်ခဲ့သလိုယခုလည်း စာကြည့်တိုက်ကို တာဝန်ယူလျက်ရှိကြောင်းပြောပြသည်။

နောက်ပိုင်းတွင် မြို့ကပါလာသောဂျာနယ်များထဲမှ အရက် ကြော်ငြာများ၏ကံစမ်းမဲပေါက်သူများအပေါ်အားကျသည့် လွဲမှား သောအတွေးဝင်ကာ ယခုအချိန်တွင် ညနေစောင်းပါက သား၏ ပါးစပ်မှ အရက်အနံ့လေးများပါလာတတ်ကြောင်းသူ၏သူငယ်ချင်းများ ပြောပြချက်အရ မော်တော်ကားကံစမ်းမဲပေါက်ချင်၍ ရွာထိပ်ကကုန်စုံ ဆိုင်မှ ပုလင်းများဝယ်ပြီး ကံစမ်းနေကြောင်းသိရသည်ဟုဆိုသည်။
အမှန်တကယ်က သူ၏သားငယ်သည် ဆေးလိပ်၊ အရက်လုံးဝ သောက်သုံးတတ်သူမဟုတ်၍ စိတ်ချခဲ့သောမိမိ၏အမှားပင်ဖြစ် ကြောင်းပြောရင်း ပြောနေသည့်မိတ်ဆွေ၏သောကကိုကြည့်ရင်း စိတ် မကောင်းဖြစ်မိသည်။ ဤသို့ဖြစ်နေခြင်းမှာ မည်သူ့တွင်တာဝန်ရှိသည် ဟု ဘယ်သူ့ကိုအပြစ်ပုံပြောရမည်မသိတော့ချေ။
ဂျာနယ်စာမျက်နှာများတွင် အရက်၊ ဘီယာ၊ စီးကရက်ကြော် ငြာများကို တရားဝင်ခွင့်ပြုထားသည်လား၊ တရားမဝင်ခွင့်ပြုထား သည်လားမပြောတတ်ပေ။ စာမျက်နှာများပေါ်တွင် မြန်မာပြည်မှ ဘီယာတံဆိပ်များကလည်း အင်္ကျီထုတ်သကဲ့သို့ ဥပဒေလက်တစ် လုံးခြားဘီယာရောင်းအားမြင့်စေရန်ကြော်ငြာသည်။
အရက်ကုမ္ပဏီ များကလည်း သောက်ရေသန့်လိုလို PH7 ဆိုပြီး တံဆိပ်သေးသေး လေးထည့်သွင်းကာ ဥပဒေလက်တစ်လုံးခြားကြော်ငြာနေခြင်းများ တွေ့ရသည်။ ဤ၍ဤမျှ အရက်ကုမ္ပကြီးများက နိုင်ငံတော်ကို မည်သို့ပြောင်းလဲစေချင်သနည်းဟုမေးရတော့မလိုပင်။ တစ်နိုင်ငံလုံး အား ငယ်စဉ်ကတည်းက "အရက်မသောက်မနေရ"ဟု အရက် ဘီယာကုမ္ပဏီများက သူတို့ပိုင်နိုင်လျှင် ကြေညာချက်ထုတ်ဦးမည် လား မပြောတတ်တော့။ သည်လိုနှင့် မိမိတို့နိုင်ငံတွင် သင်္ကြန်သည် လည်း အရက်၊ ဘီယာပွဲတော်ဖြစ်လို့ဖြစ်၊ ဗုဒ္ဓဘာသာတို့၏ လပြည့် ရက်များ၏အရောင်းကောင်းဆုံးကုန်ပစ္စည်းမှာလည်း အရက်၊ ဘီယာ များဖြစ်လာခဲ့သည်။
ဤသို့သောကိစ္စများကိုနိုင်ငံတော်မှ မည်သို့ဖြေရှင်းပေးနိုင်မည် နည်း။စဉ်းစားစရာကောင်းလှပေသည်။ယနေ့ခေတ်တိုးတက်နေသော မီဒီယာကြီးများ၏ စာမျက်နှာ မျက်နှာပြည့်ရောင်စုံဖြင့်PH7 ဆို သည့်ကြော်ငြာများသည် အရက်ကြော်ငြာများဖြစ်သကဲ့သို့ ထိုကိစ္စ အတွက်နှာစေးနေသူများလည်းများစွာရှိနေသည်။ နောက်ထပ်ကိစ္စတစ်ခုက ဘောလုံးလောင်းကစားဝဲဂယက်ဖြစ် ၏။
ဘောလုံးလောင်းကစားကို အဓိကမဏ္ဍိုင်အဖြစ်ရပ်တည်နေကြ သော စာစောင်အချို့တွင် ကြည့်မြင်နိုင်သည်။ ဘောလုံးလောင်း ကစားပေါက်ကြေးများကို စာမျက်နှာများပေါ်တွင် ဥပဒေလက်တစ် လုံးခြားဖော်ပြနေကြသည်။ တစ်ချို့စာစောင်များတွင် ဘောလုံးပွဲစဉ် အတွဲလိုက်လောင်းကြေးထည့်ရသော 'မောင်း'အတွက်ထည့်ထား သည်ကိုလည်းပါလာနေသည်။ အရက်သေစာ၊ လောင်းကစားနှင့် စည်ပင်နေသောနိုင်ငံသည် မည်သို့ပင်ပြုပြင်စေကာမူ အထနှေး၍လေးလံစေတတ်သည်ကိုသတိ ပြုချင်စေချင်သည်။
သည်ကြားထဲ အခြေခံလူတန်းစားဝန်းကျင်ထဲမှ နှစ်လုံး၊ သုံးလုံးဆိုသော လောင်းကစားများလည်း ပပျောက်ဖို့ဆို သည်မှာမလွယ်သေး။ ရှိနေဆဲ၊ ရှိဆဲပင်။နှစ်လုံး၊သုံးလုံးခန့်မှန်းတွက် ချက်နိုင်သည့် “ချိုင်း”ဆိုသောစာရွက်များမှာ ဘောလုံးအားကစား ဂျာနယ်များကဲ့သို့ သွယ်ဝိုက်၍ထွက်ရှိလာဦးမည်လားမပြောတတ်။ မူးယစ်စေတတ်သောဆေးဝါးများမလိမ့်တစ်ပတ်ဖြင့်ကြေညာလာကြ မည်ကိုလည်းအနာဂတ်အတွက်စိုးရိမ်နေရပြန်သည်။
တိုင်းပြည်၏ အနာဂတ် ပန်းများ လှပစေဖို့ မီဒီယာများတွင် အတိုင်း အတာတစ်ခုထိတာဝန်ရှိပေသည်။ ဤကဲ့သို့ မိမိ၏စာစောင်ပေါ်တွင် သိသိကြီးနှင့် မလိမ့် တစ်ပတ်ဖြင့် ကြော်ငြာပေးသွားမည်လား။ မိမိတို့ ၏ မီဒီယာစာမျက်နှာပေါ်မှာ ပေါ်ပေါ်တင်တင်လှည့်စားမှုများ ကင်း ရှင်း၍ အများအကျိုးပြုစေဖို့ တိုက်တွန်း လိုက်ရပေသည်။


 Myanmar Express မှ ကူးယူဖော်ပြသည်။

အိုဘားမားခရီးစဉ် ကြိုတဲ့ မြန်မာ့မီဒီယာ




Friday, November 16, 2012
အမေရိကန် သမ္မတဘာရပ် အိုးဘားမား မြန်မာနိုင်ငံ ကိုရောက်လာမယ့်ရက်နီးကပ်လာတာနဲ့ အမျမြန်မာ သတင်းမီဒီယာတွေမှာ အမေရိကန်သမ္မတခရီးစဉ် နဲ့ပတ်သက်ပြီးကျယ်ကျယ်ပြန့်ပြန့် ဖော်ပြ လာသလို သမ္မ
တဆိုက်ရောက်လာမယ့် ရန်ကုန်မြို့မှာလည်း လုံခြုံရေးတင်းကျပ်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်း ဆက်သွယ်စုံစမ်းထားတဲ့မဆုမွန်ကတင်ပြပေးထားပါ တယ်။အမေရိကန်သမ္မတ ဘရပ်အိုဘားမားဟာ မြန်မာနိုင်ငံကို ဒီရက်ပိုင်း အတွင်းမှာပဲ ရောက်ရှိလာတော့ မှာဖြစ်ပါတယ်။ အခုလိုမျိုး အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းခေါင်းဆောင် သမ္မတ တဦးရဲ့ မြန် မာနိုင်ငံကို ရောက်ရှိလာမယ့် သမိုင်းဝင်ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံသတင်းမီဒီယာတွေမှာ လည်း ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေပါတယ်။ ဒါပေမယ့် ပုဂိုလပိုင် သတင်းဂျာနယ်တွေမှာပဲဝေဝေ ဆာဆာဖော်ပြနေပြီးတော့ အစိုးရပိုင် သတင်းမှာတော့ သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုတာမရှိဘူး လို့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဌ မောင်ဝံသက ဗွီအိုအေမြန်မာပိုင်းက ပြောပါတယ်။
“သတင်း ကတော့ ပြည်တွင်းလို ပုဂ္ဂလိကမီဒီယာတွေကတော့ အကုန်လုံးက အသားပေးပြီးတော့ ထည့်ကြပါတယ်။ သေချာလေးလေးစားစားထည့် တယ်။ အသားပေးပြီးတော့ ထည့်ပါတယ်။ အစိုးရသတင်းစာမှာတော့ အခုအချိန်အထိ အကျယ်တဝင့်ကြီးတော့ မထည့်သေးဘူး။ အဲ့သလိုသိရတယ်။ ပုဂ္ဂလိကသတင်းစာတွေကတော့ သူတို့ရတဲ့ Sources တွေကတော့ နိုင်ငံခြားသတင်းတွေကရတာတွေ၊ အွန်လိုင်းမီဒီယာကတဆင့်ရတာတွေ၊ နောက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ NLD Source က ရတာပေါ့လေ။”
သမ္မတအိုဘားမားရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုလည်း သတင်းစာဆရာမောင်ဝံသက အခုလိုသုံး သပ်ပါတယ်။ “တကယ်တမ်းပြောမယ်ဆိုရင် မြန်မာနိုင်ငံကို အမေရိကန်က ထိပ်သီး တယောက်၊ နိုင်ငံ အကြီးအကဲတယောက် မလာတာဆိုရင် သိရ သလောက်ဆိုရင် ရာစုနှစ် တဝက်လောက်ကို ရှိသွားပါပြီ။ ဒါကြောင့် အင်မတန်မှ ထူးခြားတဲ့ ခရီးစဉ်ဖြစ်တယ်။ သူလာတာ တရက်ပဲပြည့်ပြည့် မပြည့်ပြည့်ပေါ့ ။ မြန်မာနိုင်ငံကို အမေရိကန်သမ္မတကြီးတယောက်၊ အခုလောလောဆယ် ပူပူနွေးနွေး ဒုတိယသက်တမ်း အတွက် အနိုင် ရထားတဲ့ သမ္မတရောက်လာတာဟာ တိုင်းပြည်အတွက်ရော၊ လက်ရှိ အစိုးရအ တွက်ရော၊ နောက် မြန်မာနိုင်ငံမှာရှိတဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ၊ ဒီမိုကရေစီလိုလား တဲ့ ပြည်သူတွေ၊အတွက် အင်မတန်မှ တွန်းအားပေးတဲ့ အားဆေးကြီးတခုလိုပါပဲ။" ရုပ်ရှင်သရုပ်ဆောင် လူမင်းကလည်း အခုလို အမေရိကန်သမ္မတဦး ရန်ကုန်ကို လာရောက်တာ ဟာ ပြုပြင်ပြောင်း လဲရေးကိုလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ပိုပြီးတော့ရလာစေမယ်လို့ ဆိုပါတယ်။ “ကျနော် တို့တိုင်းပြည်အတွက်၊ ကျနော်တို့ပြည်သူတွေအတွက်၊ ကမ္ဘာက ကျနော်တို့ပြည်သူတွေ ဘက်မှာရှိတယ် ဆိုတာ အခုလက်တလော ပူပူနွေးနွေး ဒုတိယသက်တမ်းထမ်းဆောင်ခွင့်ရတဲ့ သမ္မတကြီးဟာ ကျနော် တို့ ပြည်သူတွေဆီကို လာတယ်ဆိုတာ ကျနော်တို့ပြည်သူတွေရဲ့ လိုလားချက်၊ ကျနော်တို့ပြည်သူတွေ ရဲ့ တောင်းဆိုချက်တွေ၊ နောက် လက်ရှိအစိုးရက နောက် ဘယ်တော့များ နောက်ကြောင်းပြန်လှည့် မလည်း ဆိုတဲ့၊ စိုးရိမ်ပူပင်နေတဲ့ သံသယတွေကို ဖယ်ရှားပေးနိုင်မယ့်၊ ကျနော်တို့ပြည်သူဘက်က အားရှိစေမယ့်၊ ခရီးစဉ်တခုလို့ ကျနော်တို့ ဝမ်းသာအားရ သုံးသပ်မိပါတယ်။”မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးတွေကို လက်ရှိအစိုးရကနေ လုပ်ပေးနေတယ်ဆိုတဲ့အချိန်မှာပဲ အခြေခံပြည်သူတွေမှာ ပြောင်းလဲမှု တစုံတရာ မရှိသေးတာကို အမေရိကန်သမ္မတတယောက်အနေနဲ့ ပြည်သူတွေရဲ့ အဓိကအခက်အခဲတွေကို နားလည် သင့်တယ်လို့ လယ်သိမ်းယာသိမ်းပြဿနာတွေနဲ့ လုပ်ခ လစာနစ်နာကြေးတွေ အတွက် တောင်းဆို ဆန္ဒပြနေတဲ့ တောင်သူလယ်သမားရေးနဲ့ အလုပ်သမားရေးကူညီဆောင်ရွက်ပေးနေတဲ့ ဦးဝင်းချို က ပြောပါ တယ်။“အမေရိကန်သမ္မတလာတာကို ကျနော်တို့မြန်မာနိုင်ငံရဲ့ ပကတိအခြေ အနေမှန်တွေကိုလည်း သူသိစေ ချင်ပါတယ်။ ကျနော်တို့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတယ်လို့ အစိုးရက ထပ်ခါ တလဲလဲ ပြောနေသော်လည်းဘဲ အောက်ခြေအဆင့်မှာကတော့ အရင်လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၊ ၄၀လောက်
ကို ဖျက်ဆီးခံထားရတဲ့၊ ခေါက်ရိုးကျိုးနေတဲ့ အပြုအမူတွေဟာ ယနေ့ အချိန်အထိ အောက်ခြေပြည်သူတွေ ကို နှိပ်စက်နေဆဲဘဲဆိုတဲ့ အကြောင်းအရာကို အမှန်အတိုင်း သိတော့ သိစေချင်ပါတယ်။”
အမေရိကန် သမ္မတရန်ကုန်ခရီးစဉ်အတွင်း ရန်ကုန်မြို့တွင်း လုံခြုံရေးနဲ့ ဟိုတယ်လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားတယ်လို့လည်း ဟိုတယ်မှာ လက်ဆောင်ပစ္စည်း အရောင်းဆိုင်ဖွင့်လှစ်ထားတဲ့ ဦးဝင်းချို ကလည်းဆိုပါတယ်။အခုလက်ရှိသမ္မတအိုဘားမားရဲ့ရန်ကုန်ခရီးစဉ်အတွင်း အစိုးရအကြီး
အကဲတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံမှာဖြစ်ပြီး ရန်ကုန်မြို့မှာ မြန်မာပြည်သူတွေကို မိန့်ခွန်းပြောမှာဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်နဲ့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကနေ သတင်းတွေထုတ်ပြန် ထားပါတယ်။

VOA

နေပြည်တော်တွင် ရဲနှင့် အနှိပ်ခန်းပေါင်းပြီး အမှုဖုံးကွယ်




နေပြည်တော်မှာ ဝင်ငွေကာင်းတဲ့ အလုပ်ရမယ်လို့ လှည့်ဖြားခံရပြီး သားမယား ပြုကျင့်ခံရတဲ့ အမျိုး သမီး ငယ်ဟာနေပြည်တော်ရဲဆီမှာ အကူအညီ တောင်းပေမယ့် လျစ်လျူရှုခံရတဲ့အပြင် ကျူးလွန်သူတွေဘက် ရဲကရပ်တည် တယ်လို့  ပြောပါတယ်။ လှိုင်သာယာ စက်မှုဇုန် ၁ ဧရိယာမှာ အသက် ၆၀ အရွယ် မျက်စိ တဖက် ပျက်နေတဲ့ မိခင်မုဆိုးမနဲ့ အတူနေထိုင်ရင်း ရှာဖွေကျွးမွေးနေတဲ့ ၂၂ နှစ်အရွယ်  စက်ရုံအလုပ်သမ ဒီအမျိုးသမီး ငယ်ဟာ နေပြည်တော်က အလှပြင်ဆိုင်မှာ ဝင်ငွေကောင်းမယ်ဆိုတဲ့ လူပွဲစားရဲ့ ပြောစကား ကိုယုံပြီး လိုက်သွား ရာက သားမယားအဖြစ် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အထိ ဖြစ်ခဲ့တာလို့ ကာယကံရှင်က ပြောပါတယ်။
ကျန်းမာရေး ကြောင့် စက်ရုံအလုပ်နားနေရချိန်မှာ လစာ ၁ သိန်းနဲ့ အပိုကြေး တလ၁ သိန်း စုစုပေါင်း ၂ သိန်းလောက် ရမယ်ဆိုတဲ့အတွက် လိုက်သွားခဲ့တာလို့ ဆိုပါတယ်။ နေပြည်တော် ရွှေကြာပင် ရပ်ကွက်က ဇနီးမောင်နှံအိမ်မှာ ည အိပ်ရင်း အောက်ထပ်က အခန်းတွင်းကို သွင်းပြီး အသက် ၄၀ ကျော်အ ရွယ်အမျိုးသားကို နှိပ်ခိုင်းရာကေန သားမယား ပြုကျင့်ခံခဲ့ရသလို ရိုက်နှက်တာလည်း ခံရတယ်လို့  ပြောပါ တယ်။ ဒီနောက် ခြံကို ကျော်လွားထွက် ပြေးရာမှာ လွတ်မြောက်ခဲ့တယ်လို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။

အမှတ် (၁) ရဲစခန်းမှာ စက်တင်ဘာ ၁၃ ရက်နေ့ က အမှုသွားဖွင့်ရာ ရဲက အမှုမဖွင့်ပေးပုံနဲ့ သူ့ကို ငွေကြေ မှပြန်ရမယ်လို့  ပြောဆိုခဲ့ပြီး ပြန်ခိုင်းတယ်လို့ ဆိုပါတယ်။ “ရဲစခန်းက အမှုဖွင့်မေပးဘူး။ သမီးကို ပိုက်ဆံပေးပြီး အမှုမဖွင့်နဲ့  ပြန်ဆိုတော့ သမီးက ဒီလိုဖြစ်ထားတာ ဖွင့်မယ်ဆိုတော့ မဖွင့်ပေးဘူး။ ညကျ ရဲတယောက်က လာပြီး ပိုက်ဆံ ၁ သောင်းပေးပြီး လမ်းစရိတ် ကားလတ်မှတ်ဖြတ်သွားတဲ့။ ပိုတဲ့ဟာကို ထမင်း ဝယ်စား ဆိုပြီး ပြော တယ်။”“သွားတိုင်ခါစကေတာ့ ရဲဦးလေးက ပခုံးမှာကြယ်ပွင့် ၂ ခုတော့ တွေ့ တယ်။ သူက ညည်းပြန်ချင် ရင် ညည်းတို့ အိမ်က အစ်မတွေလာပြီး ပိုက်ဆံ ၅ သောင်းရမှ ပြန်ရမယ်။ ပိုက်ဆံ မရမချင်း မြပန်ရဘူးလို့လည်း ပြောသေးတယ်။”သူမဟာ ရဲက အမှုမဖွင့်ပေးလို့ အပြန်လမ်းမှာ လူမိုက်တွေကလိုက်တဲ့အတွက် ကူညီသူ တွေက ဆိုင်ကယ်ပေါ် တင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက် ခဲ့ရတယ် လို့  ဆိုပါတယ်။ ဒီနောက် သူမဟာ သူ့ကို စာနာ သူတွေ အကူအညီနဲ့ ရဲချုပ်ရုံးဆီရောက်သွားမှ စက်တင် ဘာ ၁၅ ရက်နေ့မှာ အမှုဖွင့်ခွင့်ရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခွင့်မရခင် ရဲက အမှုမဖွင့်ပေးဘဲ ငွေ ၁၀ သိန်းပေးမယ်ဆိုပြီး အမှုမဖွင့်ဖို့ ကမ်းလှမ်းတယ်လို့ ဆိုပါ တယ်။“ညည်း ပိုက်ဆံ ၁၀ သိန်းပေးရင် ကျေနပ်လားတဲ့။ သမီးက ပိုက်ဆံမလိုဘူး၊ ဖျက်ဆီးခံရတဲ့အတွက် တိုင်ရမှာပဲ။ တကယ်လို့ ထွက်ပြေးလို့သာမရခဲ့ရင် တခြားကို ပါရင်ပါသွားမှာ ဘယ်မှလည်း မသွားတတ်ဘူး။

”အမှုလက်ခံပြီးတဲ့နောက် လင်မယား ၂ ဦးနဲ့ လူငယ် ၁ ဦးကို ရဲက လူကုန်ကူးမှုနဲ့ အမှုဖွင့်ပေး ဖမ်းဆီးထား တယ်လို့ ဆိုပါတယ်။ဒီအမျိုးသမီးအပေါ် စာနာကြတဲ့ ရွှေကြာပင်ရပ်ကွက်က ရပ်ကွက်သားတွေက သူမကို အလုပ်အကိုင်ရရှိရေးအတွက်ပါ စီစဉ်ပေးလို့ သူဟာ ဈေးဆိုင်တဆိုင်မှာ အကူအေရာင်းသမား အဖြစ် လုပ်နေပါတယ်။ ဒီကိစ္စကို နေပြည်တော်မှာရှိတဲ့ အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်က အိုင်အယ်လ်အို ဆက်ဆံ ရေးကွန်ရက် အဖွဲ့ဝင် ဦးသက်ဝေ ထံရောက်လာပြီး ဒီနေ့ ရန်ကုန်မြို့ အိုင်အယ်လ်အိုဆက်ဆံရေးရုံးကို တိုင်ကြားပါတယ်။

Thursday, November 15, 2012

ပြစ်ဒဏ်အသီးသီးမှ အကျဉ်းသား ၄၅၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပြု


From : သမ္မ္မ္မတရုံး

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်  တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို  နားလည်ကြပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေမည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့်လည်းကောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်များကို ထိုက်သင့်စွာကျခံပြီးကြသော အသက် အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးချို့တဲ့သူများနှင့် နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်းအကျဉ်းသား ၄၅၂ ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁(၁)အရ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရတပ်များ KIO ဋ္ဌာနချုပ်အနီးသို့ ချဉ်းကပ်ရောက်ရှိ



ရှမ်းသံတော်ဆင့်မှကူးယူဖော်ပြသည်။
          ကချင်ပြည်နယ် မိုးကောင်းမြို့ အခြေစိုက် စကခ ၃ လက်အောက်ခံ အစိုးရတပ်များ သည်  ကချင်ပြည်လွတ်လပ် ရေးအဖွဲ့ KIO ဗဟိုဋ္ဌာနချုပ် နယ်မြေအနီး သို့ ယနေ့ ချဉ်းကပ် ရောက်ရှိလာပြီ ဖြစ်ကြောင်း ABSDF ကျောင်းသား တပ်မတော် သတင်းရပ်ကွက် အဆိုအရ သိရသည်။ အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ ၃၈၅ ၊ ၃၈၆ တပ်ရင်းများမှ တပ်အင်အား ၂၀၀ ၀န်းကျင်ခန့်သည် KIO ဋ္ဌာနချုပ် လိုင်ဇာမြို့နှင့် ၁၅ မိုင်ခန့်ကွာဝေးသည့် တိန်လုံရွာသို့   ရောက်ရှိလာခြင်းဖြစ်ပြီး ၄င်းအနက် အင်အား ရ၀ ကျော်ခန့်က လိုင်ဇာဘက်သို့ ဆက်လက် ချီတက်လာကြောင်း သိရသည်။ လိုင်ဇာနှင့် ၅ မိုင်ခန့်သာ ကွာဝေးသော လဂျားယန် အစိုးရတပ်စခန်းသို့ ရိက္ခာပေးပို့ရန် ၄င်းတပ်များ ရောက်ရှိလာသည်ဟု  ကျောင်းသားတပ် စစ်ဘက်သတင်းရပ်ကွက်မှ သုံးသပ်ပြောဆိုပြီး ရှေ့ဆက်တိုးလာပါက နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွား လာနိုင်ကြောင်း   ကျောင်းသားတပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “သူတို့ လဂျားယန်မှာ တပ်ရင်းတစ်ရင်းထိုင်ထားတာရှိတယ်။ အခုက ရိက္ခာပို့တဲ့အချိန်ပဲ ရိက္ခာ လm#w_Gy ]gလို့ ကြား တယ်။ ခါတိုင်း ရိက္ခာပို့ရင်လည်း ဒီလိုပဲ အင်အား အလုံးအရင်းနဲ့ပဲ လာတယ်။
  

   အဲဒီလဂျားယန်စခန်း အောက်ခြေ ပတ်ပတ်လည်မှာ ဒီဘက်က ဝိုင်းထားတယ်။ သူတို့လည်းထွက်လို့မရဘူး ဆုတ်လည်းမဆုတ်ပေးဘူးပေါ့နော်။ ဒီကြားထဲဝင်လာရင် တော့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်” ဟု ၄င်းတပ်မှူးက ဆိုသည် ။ လွန်ခဲ့သည့် လကုန်ပိုင်းက တရုတ်နိုင်ငံ ရွေလီမြို့၌ KIOနှင့် အစိုးရကိုယ်စားလှယ်များ   နှစ်ဘက်တွေ့ဆုံ   ဆွေးနွေးခဲ့ သည့်နောက် နှစ်ဘက်စစ်ဆင်ရေး လှုပ်ရှားမှုများ ရပ်နားထားသဖြင့် လိုင်ဇာနယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသ လောက် ကျဲပါးသွားကြောင်း သိရသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

Printer-friendly versionSend by email
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုဒ်မှ =>

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာ
အမှတ်၊ ၈၁ /၂၀၁၂
၁၃၇၄ ခုနှစ်၊   တန်ဆောင်မုန်းလဆန်း ၂  ရက်
(၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်)
သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

၁။     နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)အရ" သတင်းထုတ်ပြန်ရေး အဖွဲ့"ကို အောက်ပါ အတိုင်းဖွဲ့စည်းလိုက်သည်-


(က)
ဦးအောင်သိမ်း     
အဖွဲ့ခေါင်းဆောင်


ဒုတိယဝန်ကြီး



သမ္မတရုံးဝန်ကြီးဌာန


(ခ)
ဦးရဲမင်း
အဖွဲ့ဝင်


ဒုတိယညွှန်ကြားရေးမှူးချုပ်



သမ္မတဦးစီးရုံး      


(ဂ)
ဦးရဲနိုင်      
အဖွဲ့ဝင်


အထွေထွေမန်နေဂျာ



သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း



ပြန်ကြားရေးဝန်ကြီးဌာန


(ဃ) 
ဦးမိုးကျော်အောင်         
အဖွဲ့ဝင်


ညွှန်ကြားရေးမှူး



နိုင်ငံတော်သမ္မတရုံး


(င)   
ဦးအောင်စိုးသိန်း  
အဖွဲ့ဝင်


ညွှန်ကြားရေးမှူး



ပြည်ထောင်စုအစိုးရအဖွဲ့ရုံး


(စ)
ဦးဉာဏ်ထွန်း               
အတွင်းရေးမှူး


ညွှန်ကြားရေးမှူး



နိုင်ငံတော်သမ္မတရုံး

                                                    
၂။     သတင်းထုတ်ပြန်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်း ဖြစ်ပါသည်-

(က)
နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးရန်၊

(ခ)       
အခါအားလျော်စွာ လိုအပ်ချက်ရှိပါက သတင်းစာရှင်းလင်းပွဲများ တာဝန်ယူ ပြုလုပ်ပေးရန်၊

(ဂ)
သတင်းထုတ်ပြန်ချက် (Press Statement)များ ထုw=[Kw၊

(ဃ)       
ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် စပ်လျဉ်း၍ တင်ကူးမီဒီယာ (Preactive  Media) လုပ်ငန်းနှင့် တုံ့ပြန်မီဒီယာ (Reactive  Media) လုပ်ငန်းများဆောင်ရွက်ရန်၊

(င)       
ပြည်တွင်း ပြည်ပရှိ သတင်းဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ သတင်းဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းဖြန့်ချိရန်၊

(စ)
ဝန်ကြီးဌာနအသီးသီးမှ ဖွဲ့စည်းထားသော သတင်းထုတ်ပြန်ရေး အဖွဲ့များနှင့် ချိတ်ဆက်၍ အထောက်အကူ ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်။

                                                                                              (ပုံ) ဇော်သန်းသင်း            
                                                                                                 အတွင်းရေးမှူး             
                                                                                           ပြည်ထောင်စုအစိုးရအဖွဲ့   

ယာဉ်ထိန်း တပ်ဖွဲ့ဝင် တစ်ဦးလျှင် ယာဉ်စီးရေ ၄၅၁ စီး ထိန်းကျောင်းရ



နေပြည်တော်၊ နိုဝင်ဘာ ၁၅

နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင် ယာဉ်များကို ထိန်းကျောင်း နေသော ယာဉ်ထိန်းတပ်ဖွဲ့ အင်အား ၁၅၀၃ ဦးရှိပြီး မော်တော်ယာဉ် စုစုပေါင်း ၃၁၉၉၄၈၄ စီးရှိရာ ယာဉ်ထိန်း တပ်ဖွဲ့ဝင် တစ်ဦးလျှင် ယာဉ်စီးရေ ၄၅၁ စီးကို ထိန်းကျောင်း နေရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ယနေ့ပြုလုပ်သော ပြည်သူလွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက် သည်။
နတ်တလင်း မဲဆန္ဒ နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ယာဉ်မတော်တဆမှုများတွင် တာဝန်သိ ပြည်သူများက အချိန်နှင့် တပြေးညီ ကူညီစောင့်ရှောက်ပေးနိုင်ရန် မေးမြန်းသည့် မေးခွန်းအပေါ် ၎င်းက အထက်ပါ အတိုင်းဖြေကြားခြင်း ဖြစ်ကြောင်း နေပြည်တော် The Voice Weekly သတင်းထောက် ကပြောကြားသည်။

Tuesday, November 13, 2012

ဖုံး အလကား ပြောမယ်++ Aire Talk





Viber ကိုတော့ မြန်မာတွေ တော်တော်များများ သိကြပါတယ်။ Wifi Connection ရရင် Free SMS နဲ့ Free Voice Call တွေရတဲ့အတွက် ဖုံးဖိုးချွေတာလိုတဲ့ သူတွေအဖို့ အများကြီး အဆင်ပြေခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း Viber ကို တော်တော်များများ အသုံးပြုလာကြပါတယ်။ ဖုံးပြောတာနဲ့ SMS အပြင် Viber က တခြား Feature တွေမပါတဲ့အတွက် အပြည့်စုံဆုံး App တစ်ခုေ
တာ့ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ Aire Talk: Free All in One Communication App အခုပြောပြမဲ့ App ကတော့ Viber ကဲ့သို့ Free Phone Call/Free SMS အပြင် Free Video Call, Walkie Talkie, Image Sharing, File Transfer အပြင် မိမိရောက်နေတဲ့ Location ကိုပါ သူငယ်ချင်းတွေအချင်းချင်း အပြန်အလှန် ပေးပို့ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ Feature တွေပိုမို စုံလင်တဲ့အပြင် Adv Free လဲ ဖြစ်ပါတယ်။ ကြော်ငြာတွေ မတွေ့ရပါဘူး။ http://youtu.be/y66D5ietlU0 Register Accout နဲ့ ဆက်သွယ်နိုင်သလို Facebook Account နဲ့လည်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ Android ဖုံးတွေအပြင် iOS Devices တွေမှာလည်း အသုံးပြုလို့ရတာကို တွေ့ရပါတယ်။ App ကတော့ Aire Talk လို့ခေါ်ပါတယ်။ Aire App ကို သွင်းထားတဲ့ Mobile ဖုံးအချင်းချင်း ဆက်သွယ်ပြောဆို ဝေမျှနိုင်မှာ ဖြစ်ပါတယ်။ Aire က ထွက်တာ သိပ်မကြာသေးတဲ့အတွက် မိမိမှာ ရှိတဲ့ Friend တွေ သုံးထားချင်မှ သုံးထားပါလိမ့်မယ်။ အကယ်လို့ မိမိအသုံးပြုရတာ လွယ်ကူရင် Invite လုပ်ပြီး အသုံးပြုကြဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ နှစ်ဦး နှစ်ဘက် App ကို သွင်းပြီးသွားပြီဆိုရင်တော့ ၁. ဖုံးပြောလို့ရပါမယ်။ Voice/Video ၂. SMS ပို့လို့ရပါမယ်။ ၃. Walki Talki လိုမျိုး ပြောလို့ရပါမယ်။ ၄.Voice Message ပို့လို့ရပါမယ်။ ၅. Photo တွေ ပို့လို့ရပါမယ်။ ၆. File တွေ ပို့လို့ရပါမယ်။ ၇. Location ကို Share လို့ရပါမယ်။ Internet Bandwidth အများကြီး မကောင်းရင်တောင် အဆင်ပြေပြေ အသုံးပြုနိုင်မယ်လို့ ပြောကြားထားပါတယ်။
By: TechSpace Journal

Tango Software For PC,Laptop and Mobile


ဖုန်းအချင်းချင်း (သို့ မဟုတ် ) ကွန်ပြူတာကနေ ဖုန်း ကို Video Call Free ခေါ်လို့ ရတဲ့ဆော့ဝဲလ်လေးပါ။ ကျွန်တော်တို့ စက်ရုံက အစ်ကိုတွေ သုံးနေတာ တွေ့ လို့  ဗဟုသုတ အနေ နဲ့ သိချင်တာ နဲ့  အွန်လိုင်းပေါ်ကနေ ရှာကြည့်လိုက်တာ ကွန်ပျူတာ အတွက်ပါ သုံးလို့  ရလို့  မသိသေးတဲ့သူငယ်ချင်းတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်....
အင်တာနက်ကွန်နက်ရှင်တော့လိုတာပေါ့နော်...
ဒီ Tango ဆော့ဝဲလ် က ဖုန်းမှာသုံးမယ်ဆိုရင် i phone,Andriod,Window mobile phone တွေမှာသုံးလို့ ရပါတယ်...
ဖုန်းထဲ ကပါတဲ့ Market ကနေဘဲဖြစ်ဖြစ် Play Store က ဘဲ ဖြစ်ဖြစ် tango video call ဟုရိုက်ပြီး ဒေါင်းလော့ဆွဲလို့  ရပါတယ်။
ကျွန်တော်ကတော့ PC အတွက်ပဲ Download ဆွဲလိုက်တယ်။ သူပြောတဲ့ဖုန်းတွေမှ မကိုင်နိုင်သေးတာ :(
*Tango Software အား ကွန်ပျူတာ တွင် ဒေါင်းလော့ဆွဲနည်း*
ပြီးရင် အောက်က ပုံလေးကအတိုင်း တွေ့ ရင် မိမိ Download လုပ်ချင်တဲ့ အမျိုးအစား ကိုရွေးပြီး Download လုပ်လိုက်ပါ။ 

Download Now for PC,Laptop ကို ကလစ်လိုက်ရင် tango ဆော့ဝဲလ်ကို download ဆွဲနေပါလိမ့်မည်။ download ဆွဲလို့ ပြီးသွားလျှင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မည်။
သူဖြည့်ခိုင်းတာတွေကိုပြည့်စုံအောင်ဖြည့်ပေးလိုက်ပါ။ပြီးရင် Submit ကိုနှိပ်ပေးလိုက်ပါ။



ထို့ နောက် မိမိ ဂျီမေးလ် ကိုဖွင့်ပြီး tango က ပို့ ပေးထားတဲ့ မေးလ်ကို ဖွင့်ပြီး Confirm လုပ်ပေးလိုက်ပါ။


ထိုအခါ မိမိ ပြောချင်တဲ့ သူငယ်ချင်းနဲ့  စတင်ပြောလို့  ရပါပြီ။ မိမိ ပြောချင်တဲ့ သူငယ်ချင်းဆီမှာလည်း tango ဆော့ဝဲလ်ရှိမှ ပြောလို့ ရမှာပါ။ မိမိ ပြောချင်တဲ့ သူငယ်ချင်းက tango ဆော့ဝဲလ်သုံးထားလားဆိုတာ အောက်မှာ ဝိုင်းပြထားတဲ့ Invite အိုင်ကွန်လေးကိုနှိပ်ပြီးကြည့်လို့ ရပါတယ်။ မိမိ သူငယ်ချင်း ရဲ့ ဖုန်းနံပါတ် ကို ရိုက်ပြီး Search ကို နှိပ်လိုက်ပါ။သူလည်း tango ဆော့ဝဲလ် သုံးထားတယ် ဆိုရင်...တော့ စတင်ပြောဆိုလို့ ရပါပြီ...
မိမိသူငယ်ချင်းက tango ဆော့ဝဲလ်မသုံးထားဘူးဆိုလျှင်တော့  invite လုပ်ခိုင်းပါလိမ့်မည်။ မိမိသူငယ်ချင်းရဲ့ ဖုန်းနံပါတ်ကို massage ပို့ ပြီးတော့ ပေါ့.....အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။
ထိုအခါ Send invite ကိုသာနှိပ်လိုက်ပါ။
ကျွန်တော် လည်း ဘယ်သူနဲ့ မှ မစမ်းရသေးဘူး.....သူငယ်ချင်းတို့လည်း ဒေါင်းလော့ဆွဲပြီးတော့ စမ်းသပ်ခေါ်ဆိုချင်တယ်ဆိုရင်တော့ ကျွန်တော့ရဲ့ tango ဖုန်းနံပါတ်လေးကို အောက်က ပုံလေးထဲမှာကြည့်ပြီးခေါ်ဆိုနိုင်ပါတယ်နော်....


အဆင်ပြေကြပါစေ...ချစ်သူငယ်ချင်းအားလုံး
Link From==> http://toobigg02.blogspot.com/

ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း ကန့်ဘလူမြို့နယ်မှ မီးလောင်မှု ဖြစ်ပွားခဲ့သော ဒဏ်ရာရလူနာများအား သွားရောက်ကြည့်ရှုအားပေး ထောက်ပံ့


From : သမ္မတရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသာအေးနှင့် အဖွဲ့ဝင်များနှင့်အတူ ကန့်ဘလူမြို့ ခုတင် ၁၀၀ ဆေးရုံသို့ ယနေ့နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ဒုတိယသမ္မသည် အဆိုပါဆေးရုံတွင် တက်ရောက်၍ ဆေးဝါးကုသမှု ခံယူလျက်ရှိသော ကန့်ဘလူမြို့နယ် ချပ်ကြီးကျေးရွာမှ မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် ရွာသူရွာသား လူနာ ၈၆ ဦးအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ဆေးရုံအတွက် ထောက်ပံ့မှုနှင့် လှူဒါန်းငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီခန့်က ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာအနီးတွင် လောင်စာဆီတင် ရထား လမ်းချော်တိမ်းမှောက်မှုကြောင့် စက်သုံးဆီများ ယိုဖိတ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာမှ မီးလောင်မှု ဒဏ်ရာ ရရှိခဲ့သော လူနာ ၉၈ ဦးအနက် အဆိုပါ ဆေးရုံတွင် ၉၀ ဦး တက်ရောက်ကုသမှု ခံယုခဲ့ရာ ၄ဦး သေဆုံးမှုရှိခဲ့ပြီး ၈၆ ဦးမှာ ကုသမှု ဆက်လက်ခံယူလျက်ရှိကြောင်း၊ ကျွန်းလှဆေးရုံတွင်လည်း အဆိုပါ မီးလောင်မှုမှ လူနာ၈ ဦးတက်ရောက်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ အာရှနှင့် အာဆီယံ နိုင်ငံတကာဆက်သွယ်မှု လမ်းများ ဖောက်လုပ်နေ

ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အထိ (၅) နှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည့် လမ်းနှင့် တံတားများကို ဒုတိယနှစ်ဖြစ်သော ယခုဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ အထူးအဖွဲ့၊ ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့နှင့် လုပ်ငန်းရှင်ဆောက်လုပ်ရေး ကုမ္ပဏီများ ပါဝင်သော အဖွဲ့ပေါင်း ၆၇၉ ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

 ယင်းအစီအစဉ်အရ ယခု ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် နိုင်ငံတကာ ဆက်သွယ်မှု လမ်းမှ အာဆီယံနှင့် အာရှလမ်းမကြီးအတွင်း ပါဝင်သည့် နမ့်ဆန်-ကွမ်ဟိန်း-တာကော်-မိုင်းပြင်း-ကျိုင်းတုံ ကားလမ်း မိုင်အရှည် ၂၁ဝ ဒသမ ၄ မိုင်ကို ဆောက်လုပ်ရေးနှင့် ကုမ္ပဏီအဖွဲ့ပေါင်း ၁၃ ဖွဲ့က ရရှိသည့် ရန်ပုံငွေ ကျပ်သန်း ၆၁၁၄ သန်းဖြင့်လည်းကောင်း၊ မုံရွာပုလဲ-ဂန့်ဂေါ ကားလမ်းမိုင်အရှည် ၁၁၂ မိုင်ကို ဆောက်လုပ်ရေးနှင့် ကုမ္ပဏီအဖွဲ့ ၁၃ ဖွဲ့ကရရှိ ရန်ပုံငွေ ကျပ်သန်း ၂၇၅ဝ သန်းဖြင့်လည်းကောင်း၊ ကလေးဝ-ဂန့်ဂေါ လမ်းမိုင်အရှည် ၈၃ မိုင်ကို ဆောက်လုပ်ရေးအဖွဲ့သုံးဖွဲ့၊ ကုမ္ပဏီအဖွဲ့ငါးဖွဲ့ ပေါင်းရှစ်ဖွဲ့တို့က ရရှိရန်ပုံငွေ ကျပ်သန်း ၃၃ဝ၇ သန်းဖြင့်လည်းကောင်း အသီးသီး ဆောင်ရွက်လျက် ရှိကြသည်။

 ထို့အတူ အာဆီယံ လမ်းမကြီး အပိုင်းတွင် ပါဝင်သည့် ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း လမ်းမိုင်အရှည် ၆၂ဝ ဒသမ ၂ မိုင်ကို ဆောက်လုပ်ရေးနှင့် ကုမ္ပဏီအဖွဲ့ ခြောက်ဖွဲ့က ရရှိရန် ရန်ပုံငွေ ကျပ်သန်း ၁၄၄ဝ၂ သန်းဖြင့် လည်းကောင်း၊ လွိုင်လင်-ပန်ကေတု-သီပေါ လမ်းမိုင်အရှည် ၁၄၉ ဒသမ ၂ မိုင်ကို ဆောက်လုပ်ရေးအဖွဲ့ နှစ်ဖွဲ့က ရရှိရန်ပုံငွေ ကျပ်သန်း ၃၃၇၈ ဒသမ ၇၃ သန်းဖြင့် လည်းကောင်း ဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ဘင်းမ်စတက်လမ်းမကြီး အပိုင်းတွင် ပါဝင်သော ပခုက္ကူ-ပေါက်ထီလင်း-ဂန့်ဂေါ လမ်းမိုင်အရှည် ၁၂၃ ဒသမ ၁ မိုင် လမ်းအား ဆောက်လုပ်ရေးအဖွဲ့ နှစ်ဖွဲ့က ရရှိ ရန်ပုံငွေ ကျပ်သန်း ၃ဝဝ ဖြင့် လည်းကောင်း၊ လီဒိုလမ်းမကြီးအပိုင်းတွင် ပါဝင်သော မြစ်ကြီးနား-တနိုင်း-ပန်းတောင်းလမ်း မိုင်အရှည် ၁ဝ၈ မိုင် လေးဖာလုံကို ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့က ရရှိရန် ပုံငွေကျပ်သန်း ၂၅ဝ ဖြင့်လည်းကောင်း၊ သုံးနိုင်ငံ လမ်းမကြီးအပိုင်းတွင် ပါဝင်သော မုံရွာ-ယာကြီး-ကလေးဝ လမ်းမိုင်အရှည် ၁၁၅ ဒသမ ၅ မိုင်ကို ဆောက်လုပ်ရေးအဖွဲ့ သုံးဖွဲ့က ရရှိရန် ရန်ပုံငွေ ကျပ်သန်း ၅ဝဝ ဖြင့်လည်းကောင်း၊ အာဆီယံ လမ်းအပိုင်းတွင် ပါဝင်သော ဘားအံ-ကော့ကရိတ်-မြဝတီလမ်း မိုင်အရှည် ၁ဝ၂ မိုင်ကို ဆောက်လုပ်ရေး အဖွဲ့နှစ်ဖွဲ့က ရရှိရန်ပုံငွေ ကျပ်သန်း ၁ဝဝဝ ဖြင့်လည်းကောင်း အသီးသီး ဆောင်ရွက်လျက် ရှိနေကြသည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

တောင်ကိုရီးယားပိုင် စက်ရုံက အလုပ်သမား ၇၀ ကျော် အလုပ်ထုတ်ခံရ

တောင်ကိုရီးယားပိုင် စက်ရုံက အလုပ်သမား ၇၀ ကျော် အလုပ်ထုတ်ခံရရန်ကုန်မြို့၊ တောင် ဥက္ကလာပ မြို့နယ်မှာ ရှိတဲ့ ကိုရီးယား နိုင်ငံသားပိုင် မြန်မာဟေးဝေး (Myanmar Hae Wae) အထည်ချုပ် စက်ရုံက အလုပ်သမား (၇၀)ကျော်ကို စက်ရုံ ဘက်ကနေ အလုပ်ထုတ် လိုက်တာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမား တွေကြား ဒီကနေ့ ပဋိပက္ခ ဖြစ်ပွားခဲ့ ကြတယ်လို့ သိရပါတယ်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တောင်ဒဂုံ စက်မှုဇုံ အထည်ချုပ် စက်ရုံ တစ်ရုံမှ အလုပ်သမား များအား တွေ့ ရစဉ်

3D စနစ် လေယာဉ် အတုဖြင့် ပထမဦးဆုံး အကြိမ် ပြည်တွင်းတွင် လေကြောင်း ထိန်းသိမ်းရေး သင်တန်း ပို့ချသွားမည်

From : mrtv4

ပြည်တွင်းမှာ ပထမဦးဆုံး အကြိမ် အဖြစ် 3D စနစ် လေယာဉ် အတုတွေနဲ့ ပို့ချမယ့် လေကြောင်း ထိန်းသိမ်းရေး သင်တန်းကို လာမယ့် ဇန်န၀ါရီလမှာ ဖွင့်လှစ်ဖို့
ရှိတယ်လို့  လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီ သင်တန်းကို အပြည်ပြည် ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ်ရဲ့လိုအပ်ချက် များနဲ့အညီ စာတွေ့ လက်တွေ့ သင်ကြားဖို့အတွက် သင်ထောက်ကူပြု ကိရိယာများ တပ်ဆင်ထားတဲ့ 3D Flight Simulator အဆောက်အဦးမှာ သင်ကြားပို့ချ ပေးမှာ ဖြစ်ပါတယ်။

ယခင်က လေကြောင်း ထိန်းသိမ်းရေး သင်တန်း အတွက် လက်တွေ့ သင်ကြားမှု လိုအပ်တဲ့ 3D Flight Simulator အဆောက်အဦး မရှိတာကြောင့် နိုင်ငံခြားမှာ သွားတက်ရောက် ရတာ ဖြစ်ပါတယ်။  အခုအခါ မှာတော့ ပြည်တွင်းမှာ ပထမဆုံး အကြိမ် အဖြစ် စာတွေ့ အပြင် လက်တွေ့ Simulator နဲ့ပါ ပို့ချမှာ ဖြစ်တယ်လို့ လေကြောင်း ပို့ချရေး ညွှန်ကြားမှု ဦးစီးဌာနမှ ပြောကြားချက် အရ သိရပါတယ်။

လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေနဲ့ လေကြောင်းထိန်း ၀န်ထမ်းများ လုပ်ငန်း စွမ်းရည် မြင့်မားစေရေး အတွက် လုပ်ငန်းခွင် သင်တန်းများ၊ အထူး ကျွမ်းကျင်မှု သင်တန်းများ၊ လေကြောင်း ထိန်းသိမ်းရေး သင်တန်း များကို ၂၀၁၀ ခုနှစ် မတ်လမှ စတင်ကာ သင်တန်းများ ဖွင့်လှစ်ပေး ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 Myanmar Express

The Voice Weekly ၏ facebook စာမျက်နှာပါ “ ငလျင်ထပ်လှုပ်သဖြင့် ဒုတိယသမ္မတလှည့်ပြန် ” ဟူသောသတင်း မှန်ကန်မှုမရှိ



ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရတနာသိင်္ခတံတားစီမံကိန်းသို့နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းလာရောက်စဉ် ငလျင်ထပ်မံလှုပ်ခဲ့သဖြင့် ယင်းစီမံကိန်းသို့ မလာတော့ဘဲ လှည့်ပြန် သွားခဲ့ကြောင်းကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် The Voice Weekly ၏ facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

၎င်းသတင်းနှင့်ပတ်သက်၍ ဒုတိယသမ္မတ စီးနင်းလိုက်ပါသွားသည့် ရဟတ်ယာဉ်ကို မောင်းနှင်သည့် ရဟတ်ယာဉ်မှူးတစ်ဦးမှ ပြောကြားရာတွင် အဆိုပါသတင်းမှာ လုံးဝမှန်ကန်မှုမရှိကြောင်း ဒုတိယသမ္မတ အနေဖြင့် မန္တလေးသို့ ညနေပိုင်း ၄ နာရီခွဲခန့်တွင်ရောက်ရှိခဲ့ပြီး ၎င်းနေရာသို့
သွားရောက်ရန် အချိန်တွက်ချက်ရာ ရဟတ်ယာဉ်ပျံသန်းချိန် တစ်နာရီကျော်ရှိပြီး မန္တလေးသို့ ရဟတ်ယာဉ်ပြန်လာရာတွင်
မှောင်ချိန်ရောက်သွား မည်ဖြစ်သဖြင့် ရဟတ်ယာဉ်ပျံသန်းမှုအတွက် အန္တရာယ်များ၍ နိုင်ငံတော်အကြီးအကဲ တစ်ဦးအနေဖြင့် သွားရောက်ရန် မသင့်လျော်ကြောင်းနှင့် နောက်တစ်နေ့မှသာသွားရောက်ရန် တာဝန်ရှိသူများက တိုက်တွန်း ခဲ့ကြကြောင်း၊ သို့သော် ဒုတိယသမ္မတမှ ငလျင်ဒုက္ခသည်များနှင့်တွေ့ဆုံရန် စိတ်အားအလွန်ထက်သန်နေပြီး အချိန် ၁၀ မိနစ်ရရ၊ ၁၅ မိနစ်ရရ ငလျင် ဒုက္ခသည်များကို တွေ့ဆုံအားပေး၍ အလှူငွေများပေးအပ်လိုသဖြင့် ခရီးသွားချိန်လုံလောက်နိုင်သည့် သပိတ်ကျင်းမြို့သို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း၊ သပိတ်ကျင်းမြို့သို့
ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင်ရောက်ရှိခဲ့ပြီး ဒုက္ခသည်များကို
တွေ့ဆုံအားပေးစကားပြောကြားပြီး အလှူငွေများ ပေးအပ် ကာ မန္တလေးသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ ညနေ ၆ နာရီခွဲခန့်တွင် မန္တလေးသို့ ရောက်ရှိခဲ့ကြောင်း ပြောဆို သွားခဲ့ပါသည်။

၎င်းမှ ဆက်လက်ပြောကြားရာတွင် ၎င်းတို့ မန္တလေးကို ပြန်လည်ရောက်ရှိပြီး The Voice Weekly Facebook စာမျက်နှာတွင် ယင်းသတင်းမှားအား
တွေ့ရှိရသည့်အတွက် များစွာအံ့သြမိရကြောင်း၊ အများ ပြည်သူ ယုံကြည်ရသော သတင်းဌာနတစ်ခုအနေဖြင့် သတင်းမှန်များကို
သေချာစိစစ်၍ သတင်းအရင်းအမြစ် တိကျသေချာမှုရှိမှသာ
ဖော်ပြရေးသားစေလိုကြောင်း ပြောဆိုသွားပါသည်။







နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့ဝင်များသည်နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် သပိတ်ကျင်းမြို့သို့ရောက်ရှိခဲ့ပြီး ငလျင်ဒုက္ခသည်များကို တွေ့ဆုံအားပေးကာ အလှူငွေများပေးအပ်ခဲ့ကြောင်းနှင့် ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်ရာ
ဒေသများသို့သွားရောက်၍ ပြည်သူများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားပြီးအလှူငွေများပေးအပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။



 Myanmar Express

Sunday, November 11, 2012

ဒုသမ္မတကို ငလျင်လှုပ်လို့ပြန်တယ်ဆိုတဲ့အဖြစ်မှန်နဲ့ သတင်းအတွက် The Voice တာဝန်ယူနိုင်သလား

The Voice Weekly ဂျာနယ် ၏ ဖေ့ဘုတ်စာမျက်နှာတွင် ဒုသမ္မတ သည် ပျက်စီးပြိုကျသွားသော ရတနာသိင်္ခ တံတားစီမံကိန်း သို့ လာရောက်နေစဉ် ငလျင် ထပ်မံလှုပ်ခတ် သဖြင့် ယင်းစီမံကိန်းသို့ မလာတော့ဘဲ လှည့်ပြန်သွားခဲ့ကြောင်း ယင်း စီမံကိန်း သို့ ရောက်ရှိနေသည့် မျက်မြင်သက်သေများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည် ဟု သတင်းထုတ်ပြန်လိုက်ရာ အင်တာနက်အသုံးပြုသူများအနေဖြင့်  ဒုသမ္မတအား ပစ်ပစ်နှစ်နှစ် ဆဲဆိုခြင်းများ ပြုလုပ်ကြတော့သည် ။



ဖြစ်စဉ်အမှန်မှာ ငလျင်ဖြစ်ပွါးပြီးနောက် နောက်ထပ် ငလျင်များ လာဦးမည်ဟူသော သတင်းများထွက်ပေါ်နေသော်လည်း   ဒုသမ္မတ နှင့်အဖွဲ့သည် ကျိုးကျပျက်စီးကာ လုပ်သားများ သေဆုံးပျောက်ဆုံးခြင်းဖြစ်ပွါးခဲ့သော ဆောက်လက်စ ရတနာသိင်္ခ တံတားဆီသို့ ထွက်ခဲ့ရာ ညနေ ၄:၁၀ နာရီနောက်ပိုင်းတွင် ရောက်ရှိသွားပါသည် ။ထို့နောက် ပြန်လည်ထွက်ခွါလာပြီး မိနစ်ပိုင်း အနည်းငယ်အကြာ ညနေ ၅း၂၂ နာရီတွင် ငလျင်လှူပ်ခတ်ပြန်သည် ။ထိုဖြစ်စဉ်ကို ထိုဒေသနှင့် တံတားတည်ဆောက်ရေးတာဝန်ရှိသူများ လုပ်သားများ အကုန် သိရှိကြသည် ။ဒုသမ္မတ ပြန်ချိန်နှင့် ငလျင်လှုပ်ခတ်ချိန်သည် မိနစ်ပိုင်းမျှသာ ခြားနားလေရာ The Voice Weekly ဂျာနယ်မှ မျက်မြင်များမှ ပြောကြားသည် ဟု သော စကားရပ်ဖြင့် ငလျင် လှုပ်၍ ဒုသမ္မတက ပြန်ပြေးသယောင်ယောင် အင်တာနက်တွင် သတင်းဖြန့်ချီခဲ့ပါသည် ။

ကျိုးကျသွားသော ဆောက်လုပ်ဆဲ တံတားကြီး


မီဒီယာ သည် မိမိတို့ရေးသားသော သတင်းကို မိမိတို့ တာဝန်ယူနိုင်ရမည် ။မြန်မာနိုင်ငံ ဂျာနယ်များကမူ မျက်မြင်သက်သေတစ်ဦး ဒေသခံတစ်ဥိး ဖုန်းဆက်လာပါသည် တို့ စသည်တို့ဖြင့် ရေးသားလာသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ပြီ ဖြစ်ပါသည် ။ မျက်မြင်သက်သေတစ်ဦး က ပေးပို့သည် ။ထိုသူကို လျို့ဝှက်ရန် မီဒီယာ ကျင့်ဝတ်ရှိသည် ဆိုသော စကားရပ်နှင့်ကိုင်ပေါက်လျှင် ပြန်လည် မေးလိုသည် ။ ထိုသတင်းအတွက် The Voice Weekly မှ တာဝန်ယူနိုင်မည်လော ။

 ကမ္ဘာအရပ်ရပ်တွင် သတင်းမှားဖော်ပြပါက လူသိရှင်ကြားတောင်းပန်ရသည့်အပြင် တရားစွဲဆိုခြင်း ဒေါ်လာငွေ သန်းချီ၍ လျော်ကြေးပေးရခြင်းတို့ ရှိသော်လည်း မြန်မာနိုင်ငံ ဂျာနယ်မီဒီယာ လောကတွင်မူ ပြင်ဆင်ဖတ်ရူပါရန် ဟုသော စကားလုံးဖြင့် နှစ်ပေါင်းများစွာ ပျားရည်နဲ့ ဝမ်းချခဲ့ဖူးလေပြိ ။
 ကမ္ဘာနှင့် ပြောသော် ကြိးကျယ်မည်လော ။ မြန်မာ့သမိုင်းတွင် ကျောင်းသား အောင်ဆန်း ဟူသော လူငယ် တစ်ဦးသည် ငရဲခွေးကြီး လွတ်နေပြီဟူသော ဆောင်းပါး ပိုင်ရှင်ကို ဖွင့်ပြောရန် ငြင်းဆိုသဖြင့် ပြဿနာ တတ်ခဲ့ပြီး ထိုအတွက် သူခေါင်းခံခဲ့ဖူးသည် ။ထိုသို့သော သာဓက များရှိဖူး၏ ။ နိုင်ငံဖခင် ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် မီဒီယာ သမားပီသစွာ ခေါင်းခံခဲ့ဖူး ၏ ။ The Voice Weekly သည်လည်း မီဒီယာ သမားလော ။ပါပါရာဇီ ငဖွလော ။ အစိုးရ အပုတ်ချ ညနေခင်း အတင်းအဖျင်းဂျာနယ်လော ။ မီဒီယာသမား ဟုလည်ကောင်း စတုတ္တမဏ္ဍိုင်သမားစစ်စစ်ဟူလည်းကောင်း
ကြွေးကြော်ဝံ့သလော ။

ဒုသမ္မတ တစ်ယောက်၏ သတင်းကိုပင် မီဒီယာ တိုက်ခိုက်မှု ပြုလုပ်ကာ ပွဲလန့်တုန်းဖျာခင်း သော ထိုဂျာနယ်ကို အစိုးရမှ ကြည့်နေမည် လော ။ အရည်အချင်း ပြည့်ဝသည့် အစိုးရအနေဖြင့် ဤသို့ကိစ္စရပ်များကို ချွင်းချက်ထား လိုက်မည်ဆိုလျှင် လွန်စွာ ရှက်ဖွယ်ကောင်းလှသော လုပ်ဆောင်ချက်များသာ ဖြစ်နေတော့မည် ။

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ကနေ သတင်းလိမ်ဖော်ပြတဲ့ The Voice Weekly ဂျာနယ်ကို သတိပေးပြီ ။


FROM: ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ ဖေ့ဘုတ်စာမျက်နှာမှ-//-

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း သပိတ်ကျဉ်းမှာ စစ်ဆေးနေတုံး ငလျင်လှုပ်လို့ လှည့်ပြန်ခဲ့တယ်ဆိုပြီး အင်တာနက်မှာ ဖော်ပြနေတဲ့သတင်းကလုံးဝမှားယွင်းပါတယ်။

ဒုတိယသမ္မတအနေနဲ့ သပိတ်ကျဉ်းမှာ စစ်ဆေးအားပေးပြီးတဲ့နောက် ယခု မန္တလေးမှာ ပြန်လည် ရောက်ရှိနေပါပြီ။ မနက်ဖြန်မှာ စဥ့်ကူးဘက်ကို သွားရောက်စစ်ဆေးမှာဖြစ် ပါတယ်။

ည ၈နာရီသတင်းမှာ ဒုတိယသမ္မတရဲ့စစ်ဆေးမှုများကို ဓာတ်ပုံပဲဖော်ပြနိုင်တာက up link နဲ့ ပြန်လည်ပေးပို့မှု အချိန်မမီတဲ့အတွက်ဖြစ်ပါတယ်။ အခု ညဆယ်နာရီကျော်မှာ ဒုတိယသမ္မတ စစ်ဆေးမှုဗီဒီယို ဖိုင်များကို ပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။

ဒုတိယသမ္မတပြန်လှည့်လာတယ်ဆိုပြီး ဖော်ပြခဲ့တဲ့ ဂျာနယ်များအနေနဲ့လည်း မိမိတို့ ၀က်ဘ်ဆိုက် သတင်းများ မှားယွင်းသွားကြောင်း ပြန်လည်ပြင်ဆင်ဖော်ပြသင့်တယ်လို့ထင်ပါတယ်။ သတင်းမှား ရင် ပြင်ဆင်ပေးရတာဟာလည်း စာနယ်ဇင်းများရဲ့ ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်။

အစိုးရပိုင် သတင်းစာများ ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းမည်

နှစ်ပေါင်း ၆၀ ကျော်ကြာ အစိုးရ၏ လုပ်ဆောင်ချက်များကိုသာ ဖော်ပြလေ့ရှိသော မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar သတင်းစာများကို ပြည်သူ့ဝန်ဆောင်မှု မီဒီယာများအဖြစ် ပြောင်းလဲကာ ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားသည်။


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က နိုဝင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သော ပြန်ကြားရေး ဝန်ကြီးဌာန၏ မီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး စီမံချက် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံများတွင် ရွေးကောက်ပွဲစနစ်များအရ အုပ်ချုပ်ရေးအဖွဲ့နှင့် ဥပဒေပြုရေး အဖွဲ့တို့သည် သက်တမ်း ကုန်ဆုံးသည်နှင့် အပြောင်းအလဲ ပြုလုပ်ရခြင်းကြောင့် နိုင်ငံပိုင် မီဒီယာများသည် အစိုးရ၏ ဝါဒဖြန့်ယန္တရားအဖြစ် ဆက်လက်ရပ်တည်ရန် မသင့်ခြင်းကြောင့် နိုင်ငံပိုင်မီဒီယာများကို ပြည်သူ့ဝန်ဆောင်မှု ပေးနိုင်သော မီဒီယာများအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာ7:

အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အတွက် ကျင့်ဝတ် ပြဋ္ဌာန်းချက်များ ထုတ်ပြန်

02:18 From :MRTV4


 ပြည်တွင်းရဲ့ နိုင်ငံပိုင် သတင်းများကို အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အဖြစ် ပြောင်းလဲ ရာမှာ လိုအပ်တဲ့ မူဝါဒများ၊ ကျင့်ဝတ် များနဲ့ အယ်ဒီတာမျာအတွက် လမ်းညွှန်ချက်များ ချမှတ်နိုင်ဖို့ အတွက် သတင်းစာအုပ်ချုပ်ရေး အဖွဲ့ကို ယခုနှစ် အောက်တိုဘာ လအတွင်းက ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့ဟာ အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အတွက် ကျင့်ဝတ် ပြဋ္ဌာန်းချက် များကို အချက် ၁၆ ချက်ဖြင့် ပြဋ္ဌာန်း လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ  ပြဋ္ဌာန်းချက်ထဲ မှာတော့ သတင်းစာ ဆရာများဟာ အများပြည်သူတို့ သိရှိဖို့ ထုတ်ပြန်တဲ့ သတင်းတိုင်းမှာ အချက်အလက် တိကျမှန်ကန်မှု ရှိစေဖို့ အစွမ်းကုန် စိစစ်ရမှာ ဖြစ်ပြီး ပုံနှိပ် ဖော်ပြချက် မပြုမီ သတင်း အားလုံးကို3xun]Kgျ စစ်ဆေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မည်သည့် သတင်း အချက်အလက် ကိုမျှ မိမိတို့ လိုရာသို့ ဆွဲရေးခြင်း များကို ရှောင်ရှားရမှာ ဖြစ်သလို လိုရင်း အချက်အလက်များ ကိုလည်း တမင်သက်သက် ထိမ်ချန်ထားခြင်းများ မပြုလုပ် ရဘူးလို့ သိရပါတယ်။

 ဒါ့အပြင် တရားရုံး သတင်းများ ရေးသား ဖော်ပြရာမှာ စီရင်ပိုင် ခွင့်ရှိတဲ့ တရားရုံးကို မထီမဲ့မြင် ပြုရာရောက်တဲ့ ဖော်ပြခြင်းများနဲ့ တရား စီရင်ရေးကို ထိပါးစွက်ဖက် နှောက်ယှက်ရာ ရောက်စေမယ့် ရေးသား ဖော်ပြမှုများ ကိုလည်း မပြုလုပ် ရဖူးလို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် အကျင့်သိက္ခာ ပျက်ပြားစေမယ့် ရေးသားမှုများ အပြင် သိမ်ဖျင်းတဲ့ စကားလုံး အသုံးအနှုန်းများ အစရှိတဲ့ အချက်များကိုပါ ပုံနှိပ် ထုတ်ဝေခြင်း မပြုရဘူးလို့ သိရပါတယ်။ အဲဒီလို ဆောင်ရွက်မှုတွေ အပြင် အများပြည်သူ ၀န်ဆောင်မှု သတင်းစာ အုပ်ချုပ်ရေး အဖွဲ့ဟာ အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အဖြစ် ပြောင်းလဲ ဆောင်ရွက်မယ့် မြန်မာ့အလင်း၊ ကြေးမုံနဲ့ New Light of Myanmar သတင်းစာများကို အဆိုပါ ဆောင်ရွက်ချက် များနဲ့အညီ သတင်းများ ရေးသား ဖော်ပြ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

အွန်လိုင်း ခေါ်ဆိုမှုများအတွက် Skype နှင့် Microsoft Messenger ပူးပေါင်းဝန်ဆောင်မည်



 Microsoft မှ Skype ကို အမေရိကန်ဒေါ်လာ ၈သန်းခွဲဖြင့် လွန်ခဲ့သည့်နှစ်က ၀ယ်ယူခဲ့ပြီးနောက် အင်တာနက်တွင် နေရာယူလွှမ်းမိုးထားသည့် Google နှင့် Facebook တို့နည်းတူ လူကြိုက်များလာစေရန် အဆင့်မြှင့်တင် လျက်ရှိသည်။ ယခုအခါ skype အနေဖြင့် သူ၏အွန်လိုင်းစကားပြောဝန်ဆောင်မှုအား ပိုမိုကောင်းမွန်အောင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း “skype နှင့် Messenger သည် အတူတကွလာမည်” ဟု မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ skype ကို အဆင့်မြှင့်လိုက်ခြင်းအားဖြင့် Messenger အသုံးပြုသူများသည်လည်း သတင်းမှာကြားချက်များ အပြင် ရုပ်သံကိုပါ မြင်ရခံစားနိုင်တော့မည်ဖြစ်သည်။ skype မှ အသုံးပြုသူတိုင်းကို လွယ်ကူရိုးရှင်းပြီး ပို၍ အဆင့်မြင့်သည့် နည်းပညာများကို စဉ်ဆက်မပြတ် တိုးမြှင့်သွားမည်ဟုလည်း ဖော်ပြထားသည်။

ပြည်မြို့ မှာ ရှေးဟောင်းဝတ္ထုပစ္စည်း(၃၀၀)ကျော် မသမာ သူများမှ ပြန်လည်အပ်နှံ

နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင် ဖြစ်သော သတင်းမီဒီယာများ၏ ရေးသား ဖော်ပြမှုကြောင့် မသမာ သူများမှ စိုးရိမ် ကြောက်လန့်၍ (၈.၁၁.၂၀၁၂) ရက်နေ့ နံနက် ၁၀း၀၀ နာရီ တွင် ရှေးဟောင်းဝတ္ထုပစ္စည်း များအား  ယာဉ်အမှတ် ၈ခ/ ၅၉၂၈ light truck ကားဖြင့် ပြန်လည် ပင့်ဆောင်ကာ ဘုရား ကုန်းမြေပေါ်တွင် စုံစမ်းစစ်ဆေး နေသော ဌာနဆိုင်ရာ အရာရှိများထံ ပြန်လည် အပ်နှံခဲ့ပါသည် .......

သတင်းအပြည့်အစုံသို့ ...

အစိုးရမှ တရားဝင်ထုတ်ပြန်သည့် ငလျင်သတင်း နှင့် ပျက်ဆီးမှုများ

ယနေ့ နံနက်ကလှုပ်ရှားခဲ့သော ငလျင်နှင့်ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများ အရစစ်ကိုင်းမြို့တွင် မင်းကွန်းခေါင်းလောင်းတော်ကြီး အနည်းငယ် နေရာရွှေ့ခြင်း၊ ဝန်ထမ်း အိမ်ရာ(၆)ခန်းတွဲ (၂)ထပ်မှ အခန်း(၃)ခန်း၏ အပေါ်ထပ် နံရံပြိုကျပြီး အပေါ်ထပ် ကြမ်းခင်း ကျွံကျခြင်းတို့ဖြစ်ပေါ်ခဲ့သည်။

ကျောက်မြောင်းမြို့နယ် ကျောက်မြောင်းရွာတွင် ကျေးရွာဆက်သွယ်ရေးရုံးပြိုကျခြင်း၊ ဆယ်ပင် ကျွန်းမူလတန်းကျောင်း(၁)ထပ်ဆောင် ထက်ဝက်ခန့်ပြိုကျခြင်း၊ မကျည်းသုံးပင်ကျေးရွာမူလတန်းကျောင်းအဆောက်အဦ၏(၇ဝ)ရာနှုန်းပြိုကျပျက်စီးခြင်း၊ ဆိတ်သာကျေးရွာမူလတန်းကျောင်း မြင့်မိုရ်ပိတ်ပြိုကျ ပျက်စီးခြင်း၊ မလားကျေးရွာတွဲဖက်မူလတန်းကျောင်းထက်ဝက်ခန့်ပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း ..........


သတင်းအပြည့်အစုံ

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် ငလျင်သတင်း အပြည့်အစုံ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အနီး အင်အားပြင်း ငလျင်လှုပ်ခတ်၊ မန္တလေးတိုင်း ဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့ နယ် အချို့ တွင် ပျက်စီးမှု၊ ထိခိုက် ဒဏ်ရာရမှုနှင့် သေဆုံးမှု အချို့ ဖြစ်ပေါ်ခဲ့ ၊ ယနေ့ နံနက်က လှုပ်ရှားခဲ့သော ငလျင်နှင့် ပတ်သက်၍ ဆက်လက် ရရှိသော သတင်းများအရ...
 

မန္တလေးသားအချို့  ငလျင်အန္တရာယ်စိုးရွံ့ ၊ တိမ်းရှောင်

ယနေ့ (၁၁.၁၁.၂၀၁၂) နံနက်က ၆.၈ ပြင်းအားရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယနေ့ညနေ ၅ နာရီခွဲခန့်ကလည်း နောက်ဆက်တွဲ
ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားသောကြောင့် မန္တလေးမြို့ ခံအချို့ သည် ငလျင်ဒဏ်အန္တရာယ်ကြောက်ရွံ့ သဖြင့် နန်းတော်ပတ်လည် ကျုံးဘေးရှိ ကတ္တရာလမ်းလယ်ကျွန်းရှိရာသို့ ငလျင်ဒဏ်ရှောင်တိမ်းရန် ဖျာကိုယ်စီနှင့်ရောက်ရှိနေကြကြောင်း ............

သတင်းအပြည့်အစုံ

Wednesday, September 19, 2012

မဲခေါင်မြစ်အတွင်း တရုတ်လူမျိုးများ အသတ်ခံရ

E-mail Print
ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံ အလံ တပ်ဆင်ထားသည့် သင်္ဘော ၂ စီးမှ လူများ သတ်ဖြတ်ခံရမှုသည် ရှမ်းမူးယစ်ရာဇာ နော်ခမ်း နှင့် အဖွဲ့၏ လက်ချက်ဖြစ်နိုင်ကြောင်း ထိုင်း အာဏာပိုင်များက ယူဆနေကြ သည်။
 More ...

ကားခိုးသွင်းမှု အရှုပ်တော်ပုံ အခုထိမရှင်းနိုင်သေး

အာဏာပိုင် အဆင့်ဆင့် ပါဝင်ပတ်သက်နေသည်ဟု နာမည်ကြီးနေသည့် လိုင်စင်မဲ့ကားများ ဆိပ်ကမ်းများမှတဆင့် တရားမ၀င် တင်သွင်းသည်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့က စုံစမ်းစစ်ဆေးလျက် ရှိသော်လည်း အမှုမှန်ပေါ်ပေါက်ရေး အလှမ်းဝေးနေကြောင်း သတင်းရရှိသည်။

မြန်မာ့စက်မှုဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်းတို့မှ တရားမ၀င်ကား ရာပေါင်းများစွာ တင်သွင်းခဲ့သော အမှုကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်၊ မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူတဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အရာရှိတဦး စုစုပေါင်း ၃ ဦးပါဝင်သော ခုံရုံးအဖွဲ့ကို ဖွဲ့စည်း စစ်ဆေးနေကြောင်း၊ သို့ရာတွင် ခုံရုံးအဖွဲ့ဝင်များ ကိုယ်တိုင် လာဘ်ယူမှုများ ရှိသည်ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အမည်မဖော်လိုသော အရာရှိတဦးက ပြောသည်။

“တရားမ၀င် ကားတွေသွင်းတဲ့အမှုက ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေအထိပါ ပါဝင်ပတ်သက် နေတာပါ။ ညွှန်မှူးအဆင့် လောက်နဲ့ အဖွဲ့ဖွဲ့ပြီး စစ်ဆေးလည်း မပေါ်နိုင်ဘူး။ အဲဒီအဖွဲ့ကိုယ်တိုင်ကလည်း အမှုကို စစ်ဆေးတဲ့နေရာမှာ မှန်မှန်ကန်ကန် မစစ်ဆေးနိုင်အောင် တဘက်က လာဘ်ပေးထားတာတွေ ရှိတယ်လို့ သိထားပါတယ်” ဟု သူက ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနက လိုင်စင်မဲ့ကား ဆိပ်ကမ်းမှ တင်သွင်းမှု ကိစ္စများကို လာရောက် စစ်ဆေးသော်လည်း အမှုမှန် မပေါ်ပေါက်ဟု သိရသည်။

“စ သုံးလုံး ဘက်ကလည်း လာသာစစ်တာ၊ မယ်မယ်ရရ ဘာရလဒ်မှ ထွက်မလာဘူး။ စစ်ဆေးမှု အဆင့်မှာတင် ကြန့်ကြာနေပါတယ်။ ၀န်ထမ်းအချင်းချင်း ဖြစ်တဲ့အတွက် တဦးနဲ့တဦး ငွေပေး၊ နားလည်မှုယူပြီး မစစ်ဘဲ ထားတာ ဖြစ်နိုင်တယ်” ဟု နေပြည်တော်မှ အရာရှိက ပြောသည်။

စုံစမ်းစစ်ဆေးမှုများ လုပ်နေစဉ်ကာလအတွင်း လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ပတ်သက်ခဲ့သော အရာရှိတချို့မှာ ရုံးမတက်ဘဲ ခွင့်ယူရှောင်တိမ်း မှုများရှိနေသည်ဟု သိရှိရသည်။

“ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ် ဆိုရင် လနဲ့ချီ ခွင့်တိုင်တယ်။စုံစမ်းစစ်ဆေးမှု ကာလအတွင်းမှာ အခြေအနေမကောင်းရင် ထွက်ပြေးမယ့်ပုံ ရှိတယ်” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအဖွဲ့မှူးရုံးမှ အရာရှိတဦးက ပြောသည်။

တရားမ၀င်လိုင်စင်မဲ့ ကားများကို ဆိပ်ကမ်း၊ နယ်စပ်စခန်းများမှ တဆင့် လာဘ်ပေးလာဘ်ယူ ပြုလုပ် တင်သွင်းကြပြီး ယင်းတင်သွင်းမှုတွင် နယ်မြေခံစစ်တပ်၊ ရဲများနှင့် ၀န်ကြီးဌာန အဖွဲ့အစည်းအသီးသီးမှ ၀န်ကြီး၊ ဗိုလ်ချုပ်များနှင့် ၎င်းတို့နှင့်နီးစပ်သော ဆွေမျိုးအသိုင်းအ၀န်းများ အထိ ပါဝင်ပတ်သက်သည်ဟု သိရသည်။

၂၀၀၆ ခုနှစ်အတွင်းက အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးအပါအ၀င် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးထောင်ချ အရေးယူမှုများ ပြုလုပ်ခဲ့သည်။

သက်ဆိုင်သည့်သတင်းများ ။   ။  ဇုန်ထုတ်ယာဉ်အဖြစ် အသွင်ပြောင်းရေး သိန်းထောင်ချီပေးရ 
                                                တရားမဝင်ကားလုပ်ငန်း ထိပ်တန်းအာဏာပိုင်များ ပတ်သက်နေ

Sunday, July 22, 2012

အင်တာနက်ပေါ်က ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု တရားစွဲမည်

အင်တာနက် Youtube မှာ ကိုယ့်ကိုကိုယ် ဗီဒီယိုရိုက်ပြီး အမြင်သဘောထားမတူတဲ့ အခြားသူတွေကို ပုဂ္ဂိုလ်ရေးအရ အသရေပျက်အောင် တိုက်ခိုက်တာတွေ ဖြစ်လာတာကြောင့် လန်ဒန် စီးပွားရေး တက္ကသိုလ်ရဲ့ ဧည့်ပညာရှင် ဒေါက်တာဇာနည်က ဥပဒေအရ တရားစွဲဖို့ ပြင်ဆင်နေကြောင်း RFA ကို ဒီကနေ့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ......
                                                                                                                     Read More

ရခိုင်ပြည်နယ်ကို ကုလ-ငြိမ်းချမ်းရေးတပ် စေလွှတ်ဖို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်တွေ စေလွှတ်ပေးဖို့ အီရန်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်အပေါ် လူမျိုးတုံး ဖိနှိပ် သတ်ဖြတ်နေတာ  တွေ ရပ်ဆိုင်းနိုင်ရေး --- သတင်း...
                                                                                       Read More
 
                               

ဘူးသီးတောင်မြို့ကို အကြမ်းဖက်တိုက်ခိုက်ရန် ချီတက်လာသူ (၆)ဦး ထောင်ဒဏ်(၁၀)နှစ်ချမှတ်



ဓါတ်ပုံ - နိဉ္စရာ ဇွန်လ (၈) ရက်နေ့က မောင်တောမြို့တွင် ဖြစ်ပွါးခဲ့သော ဆူပူအကြမ်းဖက်မှုများကဲ့သို့ ဘူးသီးတောင်မြို့ကိုလည်း အကြမ်းဖက် တိုက်ခိုက်ရန် ချီတက်လာသူ ဘင်္ဂလီ(၆)ဦးကို ဘူးသီးတောင်မြို့နယ် တရားရုံးမှ ဇူလိုင်လ (၁၈) ရက်နေ့က ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့ကြောင်း အမိန့်ချရာသို့...

more 

Friday, March 30, 2012

မြန်မာစကားမတတ်တဲ့ အမေစု သား နှစ်ယောက် အတုယူစရာ

မန်မာစကားမတတ်တဲ့ အမေစု သား နှစ်ယောက် အတုယူစရာ လို့ ခေါင်းစဉ်တပ်ထားပေမယ့် တကယ်တော့ မြန်မာစကားတတ်ပြီး မြန်မာအချင်းချင်း အင်္ဂလိပ်လို့ ပြောတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အတုယူသင့်ပါတယ်။ မြန်မာစကားကို လေးစားပြီး မြန်မာတွေကြားမှာ ပျော်ရွှင်နေတဲ့ နိုင်ငံခြားသား တစ်ယောက်က နိုင်ငံခြားသားကို ယူပြီး သားတွေကို မြန်မာစကား သင်မပေးတဲ့ မြန်မာတစ်ယောက်ထက် အများကြီး ပိုသာပါတယ်...။




world time