Blogger Widgets

Sunday, November 11, 2012

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ကနေ သတင်းလိမ်ဖော်ပြတဲ့ The Voice Weekly ဂျာနယ်ကို သတိပေးပြီ ။


FROM: ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ ဖေ့ဘုတ်စာမျက်နှာမှ-//-

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း သပိတ်ကျဉ်းမှာ စစ်ဆေးနေတုံး ငလျင်လှုပ်လို့ လှည့်ပြန်ခဲ့တယ်ဆိုပြီး အင်တာနက်မှာ ဖော်ပြနေတဲ့သတင်းကလုံးဝမှားယွင်းပါတယ်။

ဒုတိယသမ္မတအနေနဲ့ သပိတ်ကျဉ်းမှာ စစ်ဆေးအားပေးပြီးတဲ့နောက် ယခု မန္တလေးမှာ ပြန်လည် ရောက်ရှိနေပါပြီ။ မနက်ဖြန်မှာ စဥ့်ကူးဘက်ကို သွားရောက်စစ်ဆေးမှာဖြစ် ပါတယ်။

ည ၈နာရီသတင်းမှာ ဒုတိယသမ္မတရဲ့စစ်ဆေးမှုများကို ဓာတ်ပုံပဲဖော်ပြနိုင်တာက up link နဲ့ ပြန်လည်ပေးပို့မှု အချိန်မမီတဲ့အတွက်ဖြစ်ပါတယ်။ အခု ညဆယ်နာရီကျော်မှာ ဒုတိယသမ္မတ စစ်ဆေးမှုဗီဒီယို ဖိုင်များကို ပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။

ဒုတိယသမ္မတပြန်လှည့်လာတယ်ဆိုပြီး ဖော်ပြခဲ့တဲ့ ဂျာနယ်များအနေနဲ့လည်း မိမိတို့ ၀က်ဘ်ဆိုက် သတင်းများ မှားယွင်းသွားကြောင်း ပြန်လည်ပြင်ဆင်ဖော်ပြသင့်တယ်လို့ထင်ပါတယ်။ သတင်းမှား ရင် ပြင်ဆင်ပေးရတာဟာလည်း စာနယ်ဇင်းများရဲ့ ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်။

No comments: