Blogger Widgets

Tuesday, November 13, 2012

The Voice Weekly ၏ facebook စာမျက်နှာပါ “ ငလျင်ထပ်လှုပ်သဖြင့် ဒုတိယသမ္မတလှည့်ပြန် ” ဟူသောသတင်း မှန်ကန်မှုမရှိ



ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရတနာသိင်္ခတံတားစီမံကိန်းသို့နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းလာရောက်စဉ် ငလျင်ထပ်မံလှုပ်ခဲ့သဖြင့် ယင်းစီမံကိန်းသို့ မလာတော့ဘဲ လှည့်ပြန် သွားခဲ့ကြောင်းကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် The Voice Weekly ၏ facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

၎င်းသတင်းနှင့်ပတ်သက်၍ ဒုတိယသမ္မတ စီးနင်းလိုက်ပါသွားသည့် ရဟတ်ယာဉ်ကို မောင်းနှင်သည့် ရဟတ်ယာဉ်မှူးတစ်ဦးမှ ပြောကြားရာတွင် အဆိုပါသတင်းမှာ လုံးဝမှန်ကန်မှုမရှိကြောင်း ဒုတိယသမ္မတ အနေဖြင့် မန္တလေးသို့ ညနေပိုင်း ၄ နာရီခွဲခန့်တွင်ရောက်ရှိခဲ့ပြီး ၎င်းနေရာသို့
သွားရောက်ရန် အချိန်တွက်ချက်ရာ ရဟတ်ယာဉ်ပျံသန်းချိန် တစ်နာရီကျော်ရှိပြီး မန္တလေးသို့ ရဟတ်ယာဉ်ပြန်လာရာတွင်
မှောင်ချိန်ရောက်သွား မည်ဖြစ်သဖြင့် ရဟတ်ယာဉ်ပျံသန်းမှုအတွက် အန္တရာယ်များ၍ နိုင်ငံတော်အကြီးအကဲ တစ်ဦးအနေဖြင့် သွားရောက်ရန် မသင့်လျော်ကြောင်းနှင့် နောက်တစ်နေ့မှသာသွားရောက်ရန် တာဝန်ရှိသူများက တိုက်တွန်း ခဲ့ကြကြောင်း၊ သို့သော် ဒုတိယသမ္မတမှ ငလျင်ဒုက္ခသည်များနှင့်တွေ့ဆုံရန် စိတ်အားအလွန်ထက်သန်နေပြီး အချိန် ၁၀ မိနစ်ရရ၊ ၁၅ မိနစ်ရရ ငလျင် ဒုက္ခသည်များကို တွေ့ဆုံအားပေး၍ အလှူငွေများပေးအပ်လိုသဖြင့် ခရီးသွားချိန်လုံလောက်နိုင်သည့် သပိတ်ကျင်းမြို့သို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း၊ သပိတ်ကျင်းမြို့သို့
ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင်ရောက်ရှိခဲ့ပြီး ဒုက္ခသည်များကို
တွေ့ဆုံအားပေးစကားပြောကြားပြီး အလှူငွေများ ပေးအပ် ကာ မန္တလေးသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ ညနေ ၆ နာရီခွဲခန့်တွင် မန္တလေးသို့ ရောက်ရှိခဲ့ကြောင်း ပြောဆို သွားခဲ့ပါသည်။

၎င်းမှ ဆက်လက်ပြောကြားရာတွင် ၎င်းတို့ မန္တလေးကို ပြန်လည်ရောက်ရှိပြီး The Voice Weekly Facebook စာမျက်နှာတွင် ယင်းသတင်းမှားအား
တွေ့ရှိရသည့်အတွက် များစွာအံ့သြမိရကြောင်း၊ အများ ပြည်သူ ယုံကြည်ရသော သတင်းဌာနတစ်ခုအနေဖြင့် သတင်းမှန်များကို
သေချာစိစစ်၍ သတင်းအရင်းအမြစ် တိကျသေချာမှုရှိမှသာ
ဖော်ပြရေးသားစေလိုကြောင်း ပြောဆိုသွားပါသည်။







နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့ဝင်များသည်နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် သပိတ်ကျင်းမြို့သို့ရောက်ရှိခဲ့ပြီး ငလျင်ဒုက္ခသည်များကို တွေ့ဆုံအားပေးကာ အလှူငွေများပေးအပ်ခဲ့ကြောင်းနှင့် ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်ရာ
ဒေသများသို့သွားရောက်၍ ပြည်သူများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားပြီးအလှူငွေများပေးအပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။



 Myanmar Express

No comments: