


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းသည် ကာကွယ်ရေး ၀န်ကြီးဌာနမှ
ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်
ဦးသာအေးနှင့် အဖွဲ့ဝင်များနှင့်အတူ ကန့်ဘလူမြို့ ခုတင် ၁၀၀ ဆေးရုံသို့
ယနေ့နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ဒုတိယသမ္မသည် အဆိုပါဆေးရုံတွင် တက်ရောက်၍ ဆေးဝါးကုသမှု
ခံယူလျက်ရှိသော ကန့်ဘလူမြို့နယ် ချပ်ကြီးကျေးရွာမှ မီးလောင်ဒဏ်ရာ
ရရှိခဲ့သည့် ရွာသူရွာသား လူနာ ၈၆ ဦးအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍
အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ဆေးရုံအတွက်
ထောက်ပံ့မှုနှင့် လှူဒါန်းငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီခန့်က ကန့်ဘလူမြို့နယ်
ချပ်ကြီးဘူတာအနီးတွင် လောင်စာဆီတင် ရထား လမ်းချော်တိမ်းမှောက်မှုကြောင့်
စက်သုံးဆီများ ယိုဖိတ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာမှ မီးလောင်မှု ဒဏ်ရာ
ရရှိခဲ့သော လူနာ ၉၈ ဦးအနက် အဆိုပါ ဆေးရုံတွင် ၉၀ ဦး တက်ရောက်ကုသမှု
ခံယုခဲ့ရာ ၄ဦး သေဆုံးမှုရှိခဲ့ပြီး ၈၆ ဦးမှာ ကုသမှု
ဆက်လက်ခံယူလျက်ရှိကြောင်း၊ ကျွန်းလှဆေးရုံတွင်လည်း အဆိုပါ မီးလောင်မှုမှ
လူနာ၈ ဦးတက်ရောက်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment