Friday, November 16, 2012
အိုဘားမားခရီးစဉ်အတွက် အမေရိကန်အထူးတပ်ဖွဲ့များ လုံခြုံရေး စီမံများ ကြိုတင်ဆောင်ရွက်နေ
အမေရိကန် သမ္မတ မစ္စတာ ဘာရက်အိုဘားမား မြန်မာပြည်လာရောက်မယ့် ကိစ္စမှာ သူ့ရဲ့အထူး တပ်ဖွဲ့တွေ မြန်မာနိုင်ငံကို ကြိုတင်ရောက်ရှိနေပြီး လုံခြုံရေး အစီအမံတွေကို လေ့လာနေပါပြီ။
မြန်မာနိုင်ငံမှာ အမေရိကန်သမ္မတတဦးရဲ့ နှစ်ပေါင်း ၆၀ ကာလအတွင်းမှာ သမိုင်းဝင်လာရောက်မယ့် ခရီးစဉ်အတွက် လုံခြုံရေးဟာ အထူးရေးကြီးတာမို့ အခုလို ကြိုတင်စီမံမှုတွေလုပ်ဆောင်နေတာပါ။
သမ္မတ အိုဘားမား တည်းခိုမယ့် ချက်ထရီယမ်ဟော်တယ်အနီးတ၀ိုက်မှာ အခုဓာတ်ပုံထဲက မြင်ရတဲ့ အတိုင်း လုံခြုံရေး ကိစ္စရပ်တွေနဲ့ အထူးကြပ်မတ်မှုတွေလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် ယမန်နှစ် ဒီဇင်ဘာလက လာခဲ့စဉ်ကလည်း အလားတူ ကြိုတင်၍ အထူးတပ်ဖွဲ့များ လာရောက်ကာ လုံခြုံရေးအစီအမံတွေကို လုပ်ဆောင်ခဲ့ဖူး ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၃ ခုနှစ်က တောင်ကိုရီယားသမ္မတ မစ္စတာ ချန်ဒူဝမ်နဲ့အဖွဲ့ဟာ အာဇာနည်ဗိမ္မာန်ကို လာရောက် ဂါရ၀ ပြုခဲ့စဉ်က မြောက်ကိုရီယား သူလျှို ၃ ဦးက ဗုံးခွဲ လုပ်ကြံတိုက်ခိုက်မှုလုပ်ခဲ့ဖူးတာကြောင့် လုံခြုံရေး သင်္ခန်းစာလည်း ရှိခဲ့ပါတယ်။ နိုင်ငံတော်အစိုးရကလည်း အမေရိကန် သမ္မတရဲ့ လုံခြုံရေးကိုလည်း အထူးဂရုစိုက်မှာ သေချာပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment