Blogger Widgets

Tuesday, November 13, 2012

3D စနစ် လေယာဉ် အတုဖြင့် ပထမဦးဆုံး အကြိမ် ပြည်တွင်းတွင် လေကြောင်း ထိန်းသိမ်းရေး သင်တန်း ပို့ချသွားမည်

From : mrtv4

ပြည်တွင်းမှာ ပထမဦးဆုံး အကြိမ် အဖြစ် 3D စနစ် လေယာဉ် အတုတွေနဲ့ ပို့ချမယ့် လေကြောင်း ထိန်းသိမ်းရေး သင်တန်းကို လာမယ့် ဇန်န၀ါရီလမှာ ဖွင့်လှစ်ဖို့
ရှိတယ်လို့  လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီ သင်တန်းကို အပြည်ပြည် ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ်ရဲ့လိုအပ်ချက် များနဲ့အညီ စာတွေ့ လက်တွေ့ သင်ကြားဖို့အတွက် သင်ထောက်ကူပြု ကိရိယာများ တပ်ဆင်ထားတဲ့ 3D Flight Simulator အဆောက်အဦးမှာ သင်ကြားပို့ချ ပေးမှာ ဖြစ်ပါတယ်။

ယခင်က လေကြောင်း ထိန်းသိမ်းရေး သင်တန်း အတွက် လက်တွေ့ သင်ကြားမှု လိုအပ်တဲ့ 3D Flight Simulator အဆောက်အဦး မရှိတာကြောင့် နိုင်ငံခြားမှာ သွားတက်ရောက် ရတာ ဖြစ်ပါတယ်။  အခုအခါ မှာတော့ ပြည်တွင်းမှာ ပထမဆုံး အကြိမ် အဖြစ် စာတွေ့ အပြင် လက်တွေ့ Simulator နဲ့ပါ ပို့ချမှာ ဖြစ်တယ်လို့ လေကြောင်း ပို့ချရေး ညွှန်ကြားမှု ဦးစီးဌာနမှ ပြောကြားချက် အရ သိရပါတယ်။

လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေနဲ့ လေကြောင်းထိန်း ၀န်ထမ်းများ လုပ်ငန်း စွမ်းရည် မြင့်မားစေရေး အတွက် လုပ်ငန်းခွင် သင်တန်းများ၊ အထူး ကျွမ်းကျင်မှု သင်တန်းများ၊ လေကြောင်း ထိန်းသိမ်းရေး သင်တန်း များကို ၂၀၁၀ ခုနှစ် မတ်လမှ စတင်ကာ သင်တန်းများ ဖွင့်လှစ်ပေး ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 Myanmar Express

No comments: